မနာလိုတာနဲ့သ၀န်တိုတာ ကွဲပြားခြင်း
မနာလိုတာနဲ့သ၀န်တိုတာ ကွဲပြားခြင်း
✍✍✍✍✍✍✍✍✍✍✍
🌽🌽မနာလိုတာနဲ့ သ၀န်တိုတာ အတူတူ မဟုတ်ပါဘူး။
မနာလိုခြင်းဆိုတာက သူတစ်ပါးကောင်းစားနေတာကို မနာလိုတဲ့သဘောကို ပြောတာပါ။ ဒါကိုပဲ ဣဿာ လို့ခေါ်ပါတယ်။
😏😏သ၀န်တိုတယ်ဆိုတာ တကယ်တော့ ၀န်တိုတာကို ပြောတာဖြစ်တယ်။ ၀န်တိုတယ်ဆိုတာ မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ပစ္စည်းများ သူတစ်ပါးကို ပေးရမှာ နှမြောတွန့်တိုတဲ့သဘော ပြောတာပါ။ ဒါကိုမစ္ဆရိယ လို့ခေါ်ပါတယ်။
😒😒ဣဿာဆိုတဲ့ မနာလိုမှုဟာ သူတစ်ပါးရဲ့ပြည့်စုံတာ ကောင်းစားချမ်းသာတာကို ငြူစူခြင်း သဘောလက္ခဏာရှိပါတယ်။ သူတစ်ပါးကောင်းစားချမ်းသာတာကို အလိုမရှိတဲ့အတွက် သူတစ်ပါးကို ရန်မူချင်တယ်။ သူတစ်ပါးစည်းစိမ်ချမ်းသာကိ ဖျက်ဆီးပစ်ချင်တယ်။ ဒီလိုမနာလိုတဲ့စိတ်ဖြစ်နေရင် ကိုယ့်မှာလဲ ဆင်းရဲတယ်။ မနာလိုတဲ့သူက နှောက်ယှက်ဖျက်ဆီးတဲ့အတွက်ကြောင့် စီးပွားဥစ္စာပြည့်စုံတဲ့သူမှာလဲ ဆင်းရဲဒုက္ခရောက်တတ်တယ်။
သူတစ်ပါးရဲ့ပြည့်စုံတာ ကောင်းစားချမ်းသာတဲ့အပေါ်မှာ မပျော်မွေ့ခြင်းကိစ္စရှိတယ်လို့ ဆိုတဲ့အတိုင်း မနာလိုတဲ့သူက သူတစ်ပါး ချမ်းသာတာကို မမြင်ချင်ဘူး မကြားချင်ဘူး မတွေ့ချင်ဘူး။ မြင်ရ ကြားရတွေ့နေရရင် စိတ်မချမ်းသာဘဲ မနေသာဘဲ ဖြစ်နေတတ်တယ်။
😎😎သဝန်တိုတယ်ဆိုတာကတော့
မိမိပိုင်တဲ့အရာကို သူတစ်ပါး မသိရအောင် လျှို့ဝှက်ထားလိုတဲ့သဘောလက္ခဏာရှိတယ်။
သက်ရှိသက်မဲ့ မိမိပိုင်တဲ့အရာကို သူတစ်ပါးနဲ့ မဆက်ဆံစေချင်တာ ဆက်ဆံသွားမှာကို သည်းမခံနိုင်တာဟာ ၀န်တိုမှုလို့ပြောရမယ်။
ဝန်တိုမှု ဆိုတဲ့ မစ္ဆရိယက ငါးမျိုးတောင်ရှိတယ်။
(၁) အာဝါသမစ္ဆရိယ= နေရာနဲ့စပ်ပြီး ၀န်တိုမှုရှိခြင်း။
မိမိနေရာမှာ သူတစ်ပါးအား မနေစေချင်တာကို အာဝါသမစ္ဆရိယ လို့ခေါ်တယ်။
(၂) ကုလမစ္ဆရိယ=ချစ်ခင်ရင်းနှီးသူများနဲ့စပ်ပြီး ၀န်တိုခြင်း။
မိမိချစ်ခင်ရင်းနှီးတဲ့သူက တစ်ခြားသူနဲ့ရင်းနှီးသွားမှာကို မလိုလားတာကို ကုလမစ္ဆရိယ လို့ခေါ်တယ်။
(၃) လာဘမစ္ဆရိယ= လာဘ်လာဘ စီးပွားဥစ္စာနဲ့စပ်ပြီးဝန်တိုခြင်း။
မိမိနဲ့အလွန်ရင်းနီးသူက သူတစ်ပါးအား ပစ္စည်းဥစ္စာများသွားပေးတာကို သည်းမခံနိုင်တာကို လာဘမစ္ဆရိယ လို့ခေါ်ပါတယ်။
(၄) ၀ဏ္ဏမစ္ဆရိယ= ချီးမွမ်းဖွယ်ဂုဏ်နဲ့စပ်ပြီး ၀န်တိုခြင်း။
မိမိလှပသလို သူတစ်ပါးအား မလှပစေချင်တာ သူတစ်ပါးလှပကြောင်း မပြောလို မကြားလိုတာ၊မိမိမှာ ချီးမွမ်းဖွယ်ဂုဏ်ရှိသလို သူတစ်ပါးအား ဂုဏ်မရှိစေချင်တာကို ၀ဏ္ဏမစ္ဆရိယ လို့ခေါ်ပါတယ်။
(၅) ဓမ္မမစ္ဆရိယ= တတ်သိတဲ့စာပေပညာနဲ့စပ်ပြီး ၀န်တိုခြင်း။
စာပေအတတ်ပညာအရာမှာ မိမိတတ်သလို သူတစ်ပါးကို မသိစေချင် မတမတတ်စေချင်တာ၊တ်စေချင်လို့ လျှို့ဝှက်တာကို ဓမ္မမစ္ဆရိယ လို့ခေါ်ပါတယ်။
ဒီလောက်ဆို မနာလိုတာနဲ့သ၀န်တိုတာ ကွဲပြားလောက်ပြိ ထင်မိပါရဲ့။
ဝင်းကျော်ဦး
Comments
Post a Comment