မကြီးပွားရခြင်း အကြောင်းရင်း (၁၁) ချက်
(၁) ဗုဒ္ဓက ဒါနပြုလျှင် လောကကောင်းစားရေးကိုကြည့်ပြီး လိုအပ်သောနေရာတွင် လှူခိုင်း၏။
ဗုဒ္ဓဘာသာဝင်အများစုက ငါကောင်းစားရေးကို ရှေ့တန်းတင်ပြီး မလိုအပ်သောနေရာတွင် ပုံ၍လှူတတ်ကြ၏။
(၂) ဗုဒ္ဓက စီးပွားရှာလျှင် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံရမည်ဟု ညွှန်ပြ၏။
ဗုဒ္ဓဘာသာဝင်အများစုက တစ်ပါးမှ မပြည့်စုံကြ။
(၃) ဗုဒ္ဓက ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုးစီးပွားရေးအပေါ်မှာ ထားခိုင်း၏။
ဗုဒ္ဓဘာသာဝင်အများစုက မလိုက်နာကြ။
(၄) ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းသော အတ္တသမာပဏီဓိ မင်္ဂလာနှင့်ပြည့်စုံရန် ညွှန်ပြခဲ့၏။
ဗုဒ္ဓဘာသာဝင်အများစုက မလိုက်နာကြ။
(၅) ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်းအစစ်ကို မကျင့်သုံးကြဘဲ အကုသိုလ်တွင်ပါဝင်နေသော ကောသဇ္ဇ ခေါ် ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု မှားယွင့်ကျင့်သုံးနေမိကြ၏။
(၆) ဗုဒ္ဓက ကြီးပွားတိုးတက်လိုသူတိုင်း အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်မျိုးမျိုးကို အမြဲရအောင် ယူရမည်ဟု ညွှန်ပြ၏။
ဗုဒ္ဓဘာသာဝင်အများစုက အချိန်မှန်သမျှထဲမှ အကုသိုလ်၊ မောဟ၊ မွဲပြာကျဆေး (အသုံးအဖြုန်းကြီးခြင်း) တို့ကိုသာ ထုတ်ယူနေကြ၏။
(၇) နိုင်ငံတကာ ဗဟုသုတ မရှိခြင်း။
(၈) စာပေဗဟုသုတ မရှိခြင်း။
၉) ကိုယ့်ထက်သာလျှင် မနာလိုခြင်း။
(၁၀) ခေါင်းဆောင်စိတ် နည်းပါးခြင်း။
(၁၁) မိမိကိုယ်ကို အားကိုးလိုချင်စိတ် မရှိခြင်း။
ဝင်းကျော်ဦး
Comments
Post a Comment