တွးမိတဲ့အတွေးစုလေး
တကယ်တော့ ကျနော်တို့ လူ့ဘဝကြီးဟာ
ကုန်ဆုံးသွားတဲ့ အချိန်တွေကို ပြန်ကြည့်တဲ့ခါ အရမ်းမြန် အရမ်းတိုလွန်းလှပါလားဆိုတာ ပို၍ပင် သိသာမြင်သာလှပါတယ်။
ဒါကြောင့် မသေခင် အချိန်အတိုအတွင်းလေးမှာ ပုဂ္ဂိုလ်တစ်ဦး
တစ်ယောက်အား
စိတ်ပျက်စိတ်ဆိုးတာတွေ အာဃာတအငြိုးတေးထားတာတွေ မတရားလိုချင်မှုတွေ ငါရှိမှ ဖြစ်မှာ ငါလုပ်မှဖြစ်မှာ ဆိုတဲ့ အတ္တမာနတွေ မရှိသင့် မထားသင့်လှပါဘူး။ ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖက်ကို ရောက်မှန်းမသိရောက်နေတာတွေ သတိထားသင့်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင် ကိုယ်နေရမယ့်အချိန်က သိပ်မလိုတော့လို့ပဲလေ။
ဝင်းကျော်ဦး
Comments
Post a Comment