မိတ်ဆွေအမူအရာ (၁၆)ချက်
မိတ်ဆွေအမူအရာ (၁၆)ချက်
၁ ။ ရပ်ဝေးရောက် ကွဲကွာနေသောအခါ သင့်ကိုသတိရအောက်မေ့၏ ။
၂ ။ ရပ်ဝေးမှပြန်လာရန် လိုလား၏ ။
၃ ။ သင်ရပ်ဝေးမှပြန်လာသောအခါ ဝမ်းသာအယ်လဲ ကြို၏ ။
၎ ။ သင်ပြောသောစကားကို နှစ်သက်လက်ခံ၏ ။
၅ ။ သင်၏ မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်း၏ ။
၆ ။ သင်၏ရန်သူများကို ရှောင်ကြဉ်၏ ။
၇ ။ သင့်ကို ကဲ့ရဲ့ ရှုတ်ချဆဲရေးလျှင် ကန့်ကွက်ချေပ၏ ။
ဂ ။ သင့်အကြောင်းချီးကျူးစကားပြောသူကို ထောက်ခံချီးမွန်း၏ ။
၉ ။ သင်၏လျှို့ ဝှက်ချက်များကို နှုတ်လုံစွာစောင့်ထိန်းတတ်၏ ။
၁၀။ သူ၏လျှို ဝှက်ချက်များကို သင့်အားယုံမှတ်ပြီးပြောကြားတတ်၏ ။
၁၁။ သင့်လုပ်ဆောင်ချက်များကို ချီးမွန်းတတ်၏ ။
၁၂။ သင်၏အတတ်ပညာ၊အသိပညာကို ချီးမွန်း၏ ။
၁၃။ သင်၏ကြီးပွားတိုးတက်မှုကို နှစ်သက်လိုလား၏ ။
၁၄။ သင်၏ဆုတ်ယုတ်ပျက်စီးမှုကို မလိုလားချေ ။
၁၅။ စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ သင့်ကိုသတိရတမ်းတ၏ ။
၁၆။ စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ ငါ့မိတ်ဆွေလည်း အလားတူရပါစေဟု
လိုလားတောင့်တတတ်၏ ။
ဝင်းကျော်ဦး
Comments
Post a Comment