အူမတောင့်မှ သီလစောင့်မည်လော သီလစောင့်မှ အူမတောင့်မည်လော
အူမတောင့်မှ သီလစောင့်မည်ဟု ရှေးလူကြီးသူမတို့ ၏ ဆိုရိုးစကားဖြစ်သော်လည်း ဗုဒ္ဓတရားတော်များနှင့် ဆန့် ကျင်နေပါသည်။ ဗုဒ္ဓက ဆိုထားသည်မှာ သီလတရားစင်ကြယ်မှ လိုအင်ဆန္ဒပြည့်ဝနိုင်သည်ဟု ဟော ကြားထားကြောင်း စာပေကျမ်းဂန်များမှာ လာရှိပါသည်။ အူမတောင့်မှ သီလစောင့်မည်ဆိုသော စကားသည် စားဝတ်နေရေး အဆင်မပြေ၍ ခိုးချင်ခိုးမည် လုချင်လုမည် လိမ်ချင်လိမ်မည် တိုက်ချင်တိုက်မည်ဟူသော အဓိပ္ပါယ်မျိုးသို့ သက်ရောက်နေပေပြီ သီလတရားများ ဖောက်ဖျက်နေပါက လူ့ လောကလည်း ပျက်စီးမည်ဖြစ်ပါသည်။ ဗုဒ္ဓ၏ အလိုအရ မိမိတို့  သီလစင်ကြယ်မှ လိုအပ်သောတောင့်တမှုများ ပြည့်ဝနိုင်မည်သာဖြစ်သည်။
ထို့ကြောင့် အူမတောင့်မှ သီလစောင့်မည်ဆိုသော ဆိုရိုးစကားကို စွဲယူအသုံးပြုသောသူည်
ကောက်ကျစ်ယုတ်မာလိုသော စိတ်ဆန္ဒအပြည့် ရှိနေမည်မှာ မလွဲပေ။
ဝင်းကျော်ဦး
Comments
Post a Comment