မိုးကုတ်တရား ပတ္တမြားအမြုတေ အဆီအနှစ်များ (၂)

ခန္ဓာငါးပါး
(၄၃) ဖောက်ပြန်ခံစား မှတ်သားပြုပြင် သိဝိသညာဏ် ငါးအင်ခန္ဓာမှတ်။
(၄၄) ဘယ်ဗေဒင်မှမယုံနဲ ခန္ဓာကသူ.လမ်းသူပြေးနေတာ၊
မနေ.ကထက် ဒီနေ. သေဖို. တစ်ရက်ပိုနီးသွားပြီဆိုတာ အမှန်ဆုံးပဲ။
(၄၅) ခင်ဗျားတို.က သူများပါးစပ်လမ်းဆုံးနေတယ်။
ဟိုလူပြော ဟုတ်နိုးနိုး
သည်လူပြော ဟုတ်နိုးနိုးနဲ.
လူ.၀ါဂွမ်းတွေပဲ။
(၄၆) သူတစ်ပါးစိတ်အကဲခတ် မှားသော်ရှိ မှန်သော်ရှိ
ကိုယ့်စိတ်ကိုယ် အကဲခတ်မှ အမှန်ရမယ်။
ကိုယ့်စိတ် ဘာဖြစ်တယ်လို. ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
(၄၇) ဒီအိမ်မှာ ငါလူကြီးဆိုတော့ အိမ်တိုင်းမှာ ဒိဌိကြီးစိုးနေတယ်။
(၄၈) အသက်ကြီးပြီဗျာ ဘ၀ကူးကောင်းဖို. အရေးကြီးတယ်တဲ့
သူကဖြင့် တရားသံလိုလိုနဲ. ဒိဌိသံကြီး။

ဒိဋ္ဌိအစု
(၄၉) ဖွားဖက်တော် ရှင်ဆန္ဒ ဒိဋ္ဌိမဖြုတ်ဘဲ တရားအားထုတ်တာ
လေးဆယ့် ငါးနှစ် ကြာတာတောင် တရားမရနိုင်ဘူး။
၅၀) ဒိဋ္ဌိဆိုတာ ငရဲမျိုးစေ့ပါ။
(၅၁) ယောနိသော မနသိကာရအရေးကြီးသည်
ငရဲမျိုးစေ့ ၀မ်းထဲရှိလျက်နှင့် သေပျော်ပြီဆိုခက်သေးသည်။
(၅၂) ဒိဋ္ဌိမဖြုတ်ဘဲ အလုပ်လုပ်က နိဗ္ဗာန်မရနိုင်ပါ ဒိဋ္ဌိဖြုတ်လုပ်မှ နိဗ္ဗာန်ရနိုင်မည်။
(၅၃) လိုရင်းကိုပြောရလျှင် ပုဂ္ဂိုလ်ကိုမငဲ့နိုင်ပါ
အ၀တ်ဝတ်တိုင်းဖြစ်နေတဲ့ ပဋိစ္စုသမုပ္ပာဒ် ဖြစ်စဉ် အ၀တ်ဝတ်တာလား
ငရဲမျိုးစေ့ရှာတာလား သတိမထားက အ၀တ်ဝတ်တိုင်း ဒိဋ္ဌိဖြစ်နေသည၊်
အ၀တ်မ၀တ်တတ်က အပါယ်သွားရတော့မည်။
(၅၄) ဒိဋ္ဌိ မပြုတ်က ဘာလုပ်နေနေ အပါယ်တံခါးပွင့်နေတာ။
(၅၅) မလ္လိကာမိဖုရားကြီးသေခါနီး သူပြုခဲ့တဲ့ အပြစ်ကလေး
ဝန်မချခဲ.ရတာလေး တစ်လုံးနဲ. အ၀ီစိကျတယ်။
ရှေ့ရေး နောင်ရေးခွဲပါ ရှေ့နောက်လွဲလို့မှတ်ပါ။
သက္ကာယ ဒိဋ္ဌိက အပါယ်ချလိုက်တာ။
(၅၆) ဧလကပတ္တ အနှစ်နှစ်သောင်း ရဟန်းတရားအားထုတ်ရဲ့သားနဲ. နဂါးဖြစ်ရတယ်၊
ကုက္ကု စ္စုလေးကချလိုက်တာ။
ကဲဘယ်လောက်နာသလဲ။
(၅၇) ဒိဋ္ဌိမပြုတ်က ငတ်သက်ရှည်
ဒီဒိဋ္ဌိ မဂ်နှင့်မဖြတ်ရင် မရတော့ပါ။
(၅၈) အသက်ငါးဆယ် ကျော်တွေဟာ ကံကောင်းဥာဏ်ကောင်းတုန်းပါ။
ဒိဋ္ဌိပြုတ်ရေးက ဗလာဖြစ်နေတယ်။
(၅၉) တစ်ကိုယ်လုံး အပ်သွားချစရာမရှိအောင် ငါတို.လုပ်တာ ဒိဋ္ဌိ
မွေးကတည်းက ငါ့ကိုယ်ငါ့ဟာဆိုတာ လူတိုင်းချည်ပြီးသား။
(၆၀) နဂိုက တစ်ကိုယ်တည်းကြိုး
အသက်ကြီးလေ သားကြိုးကပတ်
သမီးကြိုးကပတ် မြေးကြိုးကပတ်ဆိုတော့
ကြိုးအထပ်ထပ်ဖြစ်လေ မလှုပ်နိုင်လေ။
(၆၁) ၀ိပသာနာလုပ်တော့မယ်ဆိုရင် ဒိဋ္ဌိ အရင်ဖြုတ်ပါ။
(၆၂) ရင်ဝလှံစူး ထိပ်ဦးမီးလောင် ဒိဋ္ဌိအမြန်ရှောင်ကြ။
(၆၃) ဒိဋ္ဌိသတ်က တဏှာသတ်ထက်အရေးကြီးတယ်။
(၆၄) ဒိဋ္ဌိအသိနှင့် ဖြုတ်ချင်ရင် ခန္ဓာပဋိစ္စုသမုပ္ပာဒ်ကို
အရင်ဆုံးနားလည်အောင်လုပ်ထားကြပါ။

နိဗ္ဗာန်အစု
(၆၅) ဘုန်းကံရှိတယ်လို.မှတ်ပါ။ သက္ကာယ ဒိဋ္ဌိပြုတ်တာနဲ. ပထမနိဗ္ဗာန်ရောက်ရမယ်။
(၆၆) ကံကတော.ထူးကြပြီ ကံထူးပြီး ဥာဏ်ရူးမဖြစ်စေနဲ.။
(၆၇) ဥာဏ်နားနဲ.ထောင်ကြပါ။
ဒီကနေ. ပထမနိဗ္ဗာန်ရောက်အောင်ဟောမယ်။
ပထမနိဗ္ဗာန်ရောက်အောင် နာမယ်ကျင့်မယ်လို အားခဲထားပါ။
ဘယ်တော.မှ မပြီးတဲ့အလုပ်တွေကြောင့်
မလာနိုင်ရင်မလာနဲ. အပါယ်သာသွားပေတော့။
(၆၈) ရှေ.တရားတွေလို မအောက်မေ့နဲ.
ခုဖြတ်ရင် ခုပြတ်တယ်
ခန္ဓာဆုံးနည်း နိဿရည်းကိုပေးပါမယ်။
(၆၉) တဏှာ နဲ.ဒေါသ၀င်လိုက်ထွက်လိုက်
ကိုယ့်သန္တာန်မှာ ဗွက်ပေါက်နေသော်လည်း မသိပါ။
(၇၀) အပါယ်လေးပါးတံခါးကို မဂ်နဲ.ပိတ်ရတယ်
ကျောင်းဆောက် ဘုရားတည်တာလေးနဲ.မကယ်နိုင်
ရှုမူနဲ. ပယ်တာ မဂ်ကဖြတ်ပြီ နိဗ္ဗာန်ရပြီ။
(၇၁) နိဗ္ဗာန်ရဖို. အနီးလေးပါ နိဗ္ဗာန်အဝေးကြီး ဆိုတာ မယုံပါနဲ. ခန္ဓာအဆုံး နိဗ္ဗာန်ပါ။
(၇၂) ဖြစ်ပျက်ဆုံးသွားပါက မဂ်ဥာဏ်ပေါ်လာတယ်။
(၇၃) ခန္ဓာကလောင်စာထင်း ဇရာမရဏကမီး။
(၇၄) ဘယ်ခန္ဓာရရ လောင်စာနှင်. မီးတွဲလျက်ကြီးမှတ်ပါ စင်စစ်နိဗ္ဗာန်ဆိုတာ ခန္ဓာမရှိတာပါ။
(၇၅) လောင်စာသိမ်းပြီး မီးငြိမ်းသည်.အလုပ်သည်မဂ္ဂင်ပဲ။
(၇၆) ခန္ဓာက အနိစ္စု တွေ.တာကမဂ္ဂ
သေတာက သမုဒယ
ဆိုက်ရောက်တာ နိရောဓ၊
သိစ္စုာလေးချက် တပြိုက်နက် မဂ်၏ကိစ္စုာသာ။
(၇၇) ဒုက္ခသိစ္စုာကို ပိုင်းခြားသိတာလည်း မဂ်ပဲ
သမုဒယသိစ္စုာကို ပယ်သတ်တာလည်း မဂ်ပဲ
နိရောဓသိစ္စုာကို ဆိုက်ရောက်တာလည်း မဂ်ပဲ
မဂ်သည် သုံးကိစ္စုဆောင်ရွက်သည်။
(၇၈) လောင်စာသိမ်းပြီး မီးငြိမ်းသွားတာနိဗ္ဗာန်။
(၇၉) ဒုက္ခခပ်သိမ်းငြိမ်းတာ နိဗ္ဗာန်။
(၈၀) ကိလေသာအပူဓာတ်တွေ ငြိမ်းအေးသွားတာ နိဗ္ဗာန်။

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး