ညီလေးဖတ်ဖို့ ကျနော်ရဲ့ ဘ၀ဒဿန
သူတစ်ပါးက ကိုယ်အပေါ်နင်းသွားပေမဲ့ ဘ၀မှာ
အပြုံးမပျက် အရှုံးမတွက်ပဲ
ပြန်ထနိုင်ရမယ်။
အခက်အခဲတစ်ခုကို ရင်ဆိုင်ရတဲ့အခါမှာ ကျဉ်းမြောင်းတဲ့ဘောင်အတွင်းကနေ မစဉ်းစားပါနှင့်။
ရှုထောင့်အမျိုးမျိုးက တွေးပြီး ထွက်ပေါက်ရှာရပါမယ်။
လေထဲမှာလဲ တိုက်အိမ်ကြီး မဆောက်လိုက်ပါနဲ့
လက်တွေ့မပါတဲ့ စိတ်ကူးသည်လည်း အချိန်ဖြုန်းခြင်းတစ်ခုပါပဲ။
ဘယ်အရာမှ အလကား မရပါဘူး
တန်ရာ တန်ကြေးတော့ ပေးရမယ်
အချိန်ရယ် ငွေကြေးရယ်
အရာရာကို အလကားရလိုသူကတော့ အလကားလူပါပဲ။
လက်တွေ့မှာလည်း လုပ်ဆောင်ပါ
ဘာကြောငိ့လည်းဆိုတော့
အလုပ်လုပ်ပြီးပြောတဲ့စကားမှာ ခွန်အားတွေပါပါတယ်။
အချစ်နဲ့ကင်းနိုင် ပိုကောင်းလေပါဘဲ
အချစ်ဟာနှလုံးသားကို ဖွဲမီးလိုဘဲ တငွေ့ငွေ့လောင်မြိုက်စေပါတယ်
လူတွေနဲ့ ပောင်းသင်းဆက်ဆံတဲ့ အခါမှာ
ချင့်ချိန်ပြီးမှ ယုံပါ
ယုံလွယ်ရင်ဘ၀ပါ ပျက်တတ်တယ် ...။
ကိုယ်နေတဲ့အရပ်ကကိုယ့်အတွက် ပျော်စရာမကောင်းပေမဲ့အဲဒီကရနိုင်တဲ့ ဗဟုသုတအသိပညာတွေကိုတော့ ရအောင်ယူရပါမယ်။
အားနည်းချက်ဆိုတာ လူတိုင်းမှာရှိတယ် အဓိက ကတော့ မင့်ရဲ့ကြိုးစားရုန်းကန်မှုပါဘဲ။
ဒါတွေကိုလည်း သတိထား
မိန်းကလေးတစ်ယောက်အတွက် မသင်ဘဲ တတ်တဲ့ပညာက မာယာပါ။
အယောင်၆၀တော့ မလုပ်နဲ့
ဘယ်ပညာမဆို တတ်ထားရင် သူနေရာနှင့်သူ အကျိုးရှိရှိအသုံးချနိုင်တယ်။
အခွင့်အလမ်းကို ဖန်တီးတတ်တဲ့သူဟာ တစ်ချိန်မှာ အောင်မြင်သူဖြစ်လာမှာပါ။
လူတိုင်းကို စိန်ခေါ်ပစ်လိုက်ပါ ရူးသွပ်မှုတွေတော့ မဟုတ်ပါဘူး။ လိမ္မာတာ ပြိုင်မယ်လို့။
လွတ်လပ်ပျော်ရွှင်စွာတော့ နေပါ။ စည်းမဲ့ကမ်းမဲ့ လက်လွတ်တော့ မနေပါနဲ့။
လုပ်သလိုဖြစ်နိုင်တဲ့ဘ၀မှာလည်း ဖြစ်သလိုတော့ မလုပ်လိုက်ပါနှင့်။
အမှားကိုဝန်ခံတတ်တာကောင်းပါတယ် ဒါပေမဲ့ စိတ်ထဲက မပါဘဲ နှုတ်ဖျားကနေ ပေါ့ပေါ့လေးဝန်ခံတတ်သူတော့ မဖြစ်စေနဲ့ပေါ့။
သူတစ်ပါးကို စာနာငဲ့ညာ ကြင်နာသနားပါ ခုတုံးလုပ်ပြီးမှရလာတဲ့ အောင်မြင်မှုတော့ ဘယ်တော့မှ မဖြစ်စေနဲ့။
မှတ်ချက်❆ ❀ ❀ဖတ်မိသမျှ စာစုများကို
လိုအပ်သလို ပြုပြင်
ပြောင်းလ ရေးသားထားပါသည်။
ဝင်းကျော်ဦး
Comments
Post a Comment