နှစ်သက်မိသော စကားစုများ
“Happiness is holding someone in your arms and knowing you hold the whole world.”
-Orhan Pamuk -
ပျော်ရွှင်မှုဆိုတာဟာ တစ်ယောက်ယောက်ကို ကိုယ့်လက်မောင်းတွေနဲ့ ထွေးပိုက်ထားတဲ့အချိန်မျိုးမှာ ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်ထွေးပွေ့ထားပါလားလို့ သိနေတဲ့ အခြေအနေပါပဲ...။
-Orhan Pamuk -
“The right thing and the easy thing are never the same.”
- Kami Garcia -
မှန်တဲ့အရာနဲ့ လွယ်တဲ့အရာဆိုတာ ဘယ်တော့မှ ထပ်တူမကျဘူး...။
- Kami Garcia -
“Tears shed for another person are not a sign of weakness. They are a sign of a pure heart.”
- José N. Harris -
တခြားတစ်ယောက်အတွက် ကျရတဲ့ မျက်ရည်တွေဆိုတာ အားနည်းပျော့ညံ့မှုရဲ့ လက္ခဏာတစ်ခု မဟုတ်ဘူး။ ဖြူစင်သန့်ရှင်းတဲ့ နှလုံးသားတစ်ခုရဲ့ သင်္ကေတပဲ ဖြစ်တယ်..။
- José N. Harris -
“How people treat you is their karma; how you react is yours.”
- Wayne W. Dyer -
တခြားလူတွေက မင်းကို ဘယ်လိုဆက်ဆံတယ်ဆိုတာ သူတို့ရဲ့ ကံကြမ္မာပဲ။
မင်းက ဘယ်လိုတုံ့ပြန်တယ်ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ့...။
- Wayne W. Dyer -
“Anyone who loves in the expectation of being loved in return is wasting their time.”
- Paulo Coelho -
ကိုယ့်ကို ပြန်ပြီးချစ်တာကို ခံရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ ချစ်နေတဲ့လူဟာ သက်သက်မဲ့ အချိန်ဖြုန်းနေတာပဲ...။
- Paulo Coelho -
“It doesn't matter who you are or what you look like, so long as somebody loves you.”
-Roald Dahl -
တစ်ယောက်ယောက်က မင်းကို ချစ်နေသမျှ ကာလပတ်လုံး မင်းဟာ ဘယ်သူဖြစ်တယ်၊ မင်းရဲ့ ရုပ်ဆင်းသွင်ပြင် ဘယ်လိုရှိတယ်ဆိုတာတွေဟာ လုံးဝ အရေးမကြီးပါဘူး...။
-Roald Dahl -
“Don’t sacrifice yourself too much, because if you sacrifice too much there’s nothing else you can give and nobody will care for you.”
- Karl Lagerfeld -
သိပ်ပြီး လွန်လွန်ကြူးကြူး စွန့်လွှတ်အနစ်နာမခံစမ်းပါနဲ့။ စွန့်လွှတ်တာများလွန်းသွားရင် မင်းမှာ ပေးစရာ ဘာမှ မကျန်တော့လို့ ဘယ်သူကမှ မင်းကို ဂရုစိုက်မှာ မဟုတ်တော့ဘူး...။
- Karl Lagerfeld -
“To the world you may be one person but to one person you may be the world.”
- Bill Wilson -
မင်းဟာ ကမ္ဘာကြီးအတွက်တော့ လူတစ်ယောက်ပဲ ဖြစ်နေနိုင်တယ်။ ဒါပေမယ့် လူတစ်ယောက်အတွက်တော့ မင်းဟာ ကမ္ဘာကြီးဖြစ်ချင်ဖြစ်နေမှာပေါ့...။
- Bill Wilson -
“The saddest thing about love, Joe, is that not only the love cannot last forever, but even the heartbreak is soon forgotten.”
-William Faulkner -
အချစ်နဲ့ပတ်သက်ပြီး ၀မ်းနည်းစရာအကောင်းဆုံးကတော့...ဂျိုးရေ...အချစ်ဆိုတာကပဲ ထာဝရ မတည်တံ့နိုင်တာမဟုတ်တဲု့ပြင် အသည်းကွဲတဲ့ဒဏ်ရာတောင်မှ မကြာခင်မှာ
မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်တယ်ဆိုတဲ့ အချက်ပဲ...။
-William Faulkner -
“To love means loving the unlovable. To forgive means pardoning the unpardonable. Faith means believing the unbelievable. Hope means hoping when everything seems hopeless.”
-G.K. Chesterton -
ဘယ်လိုမှ ချစ်လို့မရနိုင်တာကိုချစ်မှ အချစ်လို့ ခေါ်တယ်။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တာကို ခွင့်လွှတ်မှ ခွင့်လွှတ်တယ်လို့ခေါ်တယ်။ မယုံကြည်နိုင်တာကို ယုံကြည်မှ ယုံကြည်မှုလို့ ခေါ်တယ်။
မျှော်လင့်ချက်မဲ့နေတယ်လို့ ထင်ရတဲ့အချိန်မှာတောင် မျှော်လင့်နေမှ မျှော်လင့်ချက်လို့ ခေါ်တယ်...။
-G.K. Chesterton -
“If a man hasn't what's necessary to make a woman love him, it's his fault, not hers.”
- W. Somerset Maugham -
ယောက်ျားတစ်ယောက်မှာ မိန်းမတစ်ယောက်က သူ့ကိုချစ်လာအောင်လုပ်နိုင်တဲ့ လိုအပ်ချက်တွေ မပြည့်စုံဘူးဆိုရင် အဲဒါ မိန်းမရဲ့ အပြစ်မဟုတ်ဘူး...သူ့အပြစ်ပဲ...။
- W. Somerset Maugham -
“Loving someone is giving them the power to break your heart, but trusting them not to.”
- Julianne Moore -
တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ကိုယ့်အသည်းကိုခွဲဖို့ လုပ်ပိုင်ခွင့် သူ့လက်ထဲ ထည့်ပေးလိုက်တာပဲ။ ဒါပေမယ့် သူမခွဲလောက်ဘူးလို့လည်း ယုံကြည်နေမိတယ်လေ...။
- Julianne Moore -
“It is better to lose your pride with someone you love rather than to lose that someone you love with your useless pride.”
-John Ruskin -
အသုံးမကျတဲ့ ကိုယ့်မာနကြောင့် ကိုယ်ချစ်တဲ့လူကို စွန့်လွှတ်လိုက်ရတာထက် ကိုယ်ချစ်တဲ့လူတစ်ယောက်အတွက် ကိုယ့်မာနကို စွန့်လွှတ်လိုက်တာက ပိုကောင်းပါသေးတယ်... ။
-John Ruskin -
“Love is honesty. Love is a mutual respect for one another.”
- Simone Elkeles -
အချစ်ဆိုတာ ရိုးသားခြင်း။ အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားခြင်း...။
- Simone Elkeles -
ဝင်းကျော်ဦး
Comments
Post a Comment