သူအသုံးတည့်ရင် အတည့်သုံးသူပါပဲ

ကိုယ်မသုံးတော့တဲ့
ပစ္စည်းဟောင်းတစ်ခု
သို့မဟုတ်…
ကိုယ့်အတွက် အသုံးမလိုတဲ့
ပစ္စည်းသစ်တစ်ခုကို
ဘယ်သူ့ကိုမှ မပေးမစွန့်ဘဲ
သိမ်းဆည်းထားရင်
ကိုယ့်အတွက်
အဲဒီပစ္စည်းဟာ အမှိုက်ပါပဲ။
‘ငါ့ပစ္စည်း’၊ ‘ငါ့ဥစ္စာ’နဲ့ စွဲနေရင်
တဏှာဒိဋ္ဌိ ကိလေသာတွေတောင်
တိုးပွားလာဦးမှာပါ။
အသုံးလိုတဲ့သူ
အသုံးတည့်တဲ့သူကို
ပေးလိုက်လှူလိုက်
စွန့်ကြဲလိုက်မယ်ဆိုရင်တော့
‘ကာလဒါန’ လို့ခေါ်တဲ့
‘အချိန်ကိုက်အလှူ’ ဖြစ်သွားပါတယ်။
လိုအပ်သူကို
လိုအပ်ချိန်မှာ
လိုအပ်တာ လှူလိုက်ရတဲ့
ကာလဒါနအလှူရှင်မှာလည်း
လိုအပ်ချက်မှန်သမျှ
အချိန်ကိုက် အခါကိုက်
ပြည့်စုံလာနိုင်ပါတယ်။
လောလောဆယ်မှာ
သူ့အတွက် အကျိုးရှိသွားတဲ့အပြင်
နောင်တစ်ချိန်မှာလည်း
ကိုယ့်အတွက်
တန်ဖိုးမဖြတ်နိုင်အောင်
အကျိုးရှိလာနိုင်ပါတယ်။

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး