ပိုးဖလံများ

စားနေရလျှင်  စိတ်ပျော်ရွှင်ကာ
ငါလျှင်စားရ  ကံထူးလှဟု
ရွှင်ပျမ်းမြောက်ခဲ့ပါသည်။
ဝတ်ဆင်ရလျှင်  စိတ်ပျော်ရွှင်ကာ
ငါလျှင်ဝတ်ရ  ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
အိုးအိမ်လှလှနေထိုင်ရလျှင် စိတ်ပျော်ရွှင်ကာ
ငါလျှင်နေရ  ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
သြော် ... စား ၀တ် နေ ရေး
ဖြည့်ဆည်းပေးရ တို့ဘ၀သည်
ခန္ဓာ့အလို  သူကဆိုတိုင်း
မငြိုမငြင်  စိတ်ကြီးဝင်လျက်
ပြုပြင်နေရ  ၀ဋ်ဒုက္ခကို
သုခဟုပင် နှစ်သက်ချင်ကာ
မှတ်ထင်စိတ်ထဲ  အသိလွဲသည်
မီးထဲတိုးသည့် ပိုးဖလံများ ။
စားနေရလျှင်  စိတ်ပျော်ရွှင်ကာ
ငါလျှင်စားရ  ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
ဝတ်ဆင်ရလျှင် စိတ်ပျော်ရွှင်ကာ
ငါလျှင်ဝတ်ရ ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
အိုးအိမ်လှလှနေထိုင်ရလျှင်  စိတ်ပျော်ရွှင်ကာ
ငါလျှင်နေရ  ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
သြော် ... စား ၀တ် နေ ရေး
ဖြည့်ဆည်းပေးရ တို့ဘ၀သည်
ခန္ဓာ့အလို  သူကဆိုတိုင်း
မငြိုမငြင် စိတ်ကြီးဝင်လျက်
ပြုပြင်နေရ ၀ဋ်ဒုက္ခကို
သုခဟုပင်  နှစ်သက်ချင်ကာ
မှတ်ထင်စိတ်ထဲ အသိလွဲသည်
မီးထဲတိုးသည့် ပိုးဖလံများ ။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး