πြေαာαှαိαα်π
🎆🎆ပြောမှသိမယ်🎆🎆
🎆🎆🎆🎆🎆🎆🎆🎆
ခင်များတို့ ကျုပ်တို့တစ်တွေက ပြောမှသိကြမဲ့ သူတွေပဲ မပြောပဲနဲ့တော့ သိကိုသိကြမဲ့သူတွေမဟုတ်ပါဘူး
ဒါကြောင့်မို့
ယ္ခုလက်ရှိအချိန်လေး မသေခင်းအတောတွင်းလေးမှာ ရရှိနေတဲ့ အချိန်လေးကို
အကျိုးရှိအောင် လိုက်နာကျင့်ကြံဖို့ နည်းပေးလမ်းပြပေးတဲ့ ဆရာကောင်းသမားကောင်းတွေလည်းတွေ့တုံးကြုံတုံး ဒီလိုနေရမယ် ဒီလိုကျင့်ရမယ်ဆိုပြီး နည်းပေးလမ်းညွှန်ပြသပေးတဲ့ ဓမ္မစာပေတွေနဲ့လည်းတွေ့
ဒါကြောင့်မို့
ဆရာနည်းလည်းယူ စာပေနည်းလဲယူ ဘဝနည်းလည်းယူ နည်းမျိုးစုံယူပြီး
ကျင့်ကြံဖို့လည်းလိုတယ် ကျင့်ကြံနိုင်သလောက် အတက်နိုင်ဆုံးလည်း ကြိုးစားအားထုပ်ကြရမယ်
ဒီလိုမှအားမထုပ်ဘူး မကျင့်ကြံဘူးဆိုရင်တော့ တိုတောင်းလှတဲ့လူ့ဘဝလေးမှာ အမုန်းနရားတွေ မာနတရားတွေ မနာလိုဝန်တိုမှုတွေ ထားနေကြပြီး လူ့ဘဝကြီးမှာ ရှင်သန်ကျက်စားနေကြမယ်ဆိုရင်တော့
လူ့ဘဝကြီးရောက်လာတာဟာ အနှစ်သာရမရှိဘဲ လူဖြစ်ရကျိုးမနပ် လူဖြစ်ရှုံးတာပါပဲ
ဒီကြားထဲမှာ သေသွားရင်တော့ အရှုံးကြီးရှုံးပြီး မိမိလာရာလမ်း မိမိကိုယ်ပိုင်အိမ်ကြီးဖြစ်တဲ့ အပါယ်ဘုံက အိမ်ကြီးကိုပဲ ထပ်ရောက်ရမှာဘဲ
အပါယ်ဘုံအိမ်ကြီးကို ပြန်မသွားလိုဘူးဆိုရင်တော့ နည်းပေးလမ်းညွှန်ပြသပေးတဲ့ ဆရာတွေကို အမှိပြုပြီး ကျင့်ကြံကျိုးစား အားထုပ်ကြရပါမယ် ဓမ္မစာပေတွေကိုလဲ ဖတ်လဲဖတ် မှတ်လည်းမှတ် လက်တွေ့မှာလည်း ကျင့်ကြံအားထုတ်ကြရမယ်
ဒါမှသာလျှင် လူ့ဘဝ ရှောက်ရှိလာပြီး လူဖြစ်ရကျိုးနပ်မယ် သေပြန်သော်လည်း အပါယ်ဘုံက လွှတ်ကင်းပြီး ကောင်းရာသုဂတိဘုံကို ရောက်ရှိကြပါမယ်
မိတ်ဆွေများအားလုံး အမုန်း မာနတွေ ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့ကြပါစေ။
ဝင်းကျော်ဦး
https://m.facebook.com/photo.php?fbid=172383086454318&id=100010478826845&set=a.107586312933996.1073741828.100010478826845
Comments
Post a Comment