သေမင်း၏ရယ်မောခြင်း

၁။ သူနိုင် ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ် သေမင်း ဘေးကရယ်သတည်း။
၂။ သူပိုင် ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၃။ သူ့ဟာ၊ ငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၎။ သူချော၊ ငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို သေမင်း ဘေးကရယ်သတည်း။
၅။ လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နှင်း၊ တန်ခိုးပြင်းစဉ် သေမင်း ဘေးကရယ်သတည်း။

၆။ ရွှေ ငွေ မြ ဖန်၊ ပိုလျှံဖြည့်တင်း၊ ဌေးကြွယ်ခြင်းကို၊ သေမင်း ဘေးကရယ်သတည်း။
၇။ ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍၊ မာန်ထောင်ကြီးလှ၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
၈။ ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊ ကိုယ်ယသအား၊ ဘေးက သေမင်း ရယ်သတည်း။
၉။ လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ ကြီးဘိ မာန၊ ကိုဗာလအား၊ ဘေးက သေမင်း ရယ်သတည်း။
ရှင်သေမင်းကား အလျှင်းမလတ် မခတ် မျက်တောင် ကြောင်ကြောင်တည့်တည့် ကြည့်ကာ ကြည့်ကာ နေချေပါပေါ့ မရဏာမင်းမြတ် အရပ်ရပ်ဖို့ စိတ်ဓာတ်တက်ကြွ မာန်မထဘဲ လောဘ ဒေါသ မောဟ သုံးဟိတ် ကိုယ်မှာဆိတ်အောင် ကွပ်နှိပ်ဆုံးမရာသတည်း။

ဝင်းကျော်ဦး

ဓမ္မဒါနအဖြစ် မြတ်ဗုဒ္ဓ၏ ဓမ္မစာစုများမှ ကူးယူဖော်ပြပေးပါသည် ..

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး