တဏှာပိုက်ကွန်

ပိုက်ကွန် ညွှတ်ကွင်း၌ မိ၍နေသော ယုန်ငယ်ကိုကြည့်ပါ။ ကြောက်ရွံ့တုန်လှုပ်ကာ ပင်ပန်းဆင်းရဲ၍ နေသည်ကို တွေ့ရလိမ့်မည်။ ထိုအတူ
ကိလေသာတဏှာဖြင့် ၀ိုင်းဝန်း ခြံရံလျက် သံယောဇဉ်အစေး ကပ်ငြိလျက်ရှိသော သူသည်လည်း ညွှတ်ကွင်း မိနေသော ယုန်သူငယ်ကဲ့သို့ စိုးရိမ်ပူပန်ရသည်။
ထို့ကြောင့် ငါ ငါ့ဥစ္စာ စသော ကိလေသာအနှောင်အဖွဲ့တို့မှ လွတ်မြောက်မှသာလျှင် ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ပေမည်။

တဏှာဝဂ် သူကရပေါတိကာဝတ္ထု မှာ ပါရှိပေသည်။

ချမ်းမြေ့ကြပါစေ။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး