ပြောမယုံ ကြုံဖူးမှသိ ရင်နာမိပါ၏

ဒီတိုင်းပြည်ခို

ဒီရေကိုသောက် ဒီမြေအောက်က

ကူထောက်စီးပွား ထုတ်ယူစားပြီး

ပြည်ဖွားအိမ်ရှင် ရန်သူထင်

အသင်မှားနေပြီ.

အိမ်ရှင်ရိုကျိုး အိမ်ရှင်ကိုးသော

မျိုးရိုးဘာသာ သာသနာကို

ခြေရာနင်းလျှက် အတင်းဖျက်

ရက်စက်လွန်းနေပြီ။

အိမ်ရှင်ကဖွား သမီး သားကို

ဇနီးအဖြစ် လင်အဖြစ်ဖြင့်

အနှစ်ကိုနှုတ်  အညစ်မြှပ်လျှက်

မွေးထုတ်ကလေး  စပ်တူသွေးတွင်

အရေးချက်ချာ  မျိုးဘာသာအား

လုယူထား  စော်ကားလွန်းနေပြီ။

သင့်အိမ်ခိုလျှက်  သင့်ကိုဖျက်

သင်လက်ခံမည်လော...?

သမီးပျော်ပါး  သားပျော်ပါး

စော်ကားခံမည်လော...?

(မဟာဗောဓိမြိုင် ဆရာတော်)

ပြန်​လည်​၍ မျှ​ဝေအပ်​ပါသည်​ #DPY

ဝင်းကျော်ဦး

Comments