အနိစ္စ ဒုက္ခ အနတ္တ
၁။ အနိစ္စ ဒုက္ခ အနတ္တဟု၊ ရွရွ လှုပ်လှုပ် လက်ကကုတ်၍၊ နှုတ်ကတွတ်တွတ် ဖွာအောင်ရွတ်လည်း၊ ပေါက် လွတ်ပဲစား စိတ်ကိုထားက၊ တရားအငွေ့ ပိတ်မတွေ့ဘူး။
၂။ မေ့မေ့လျော့လျော့ ပေါ့ပေါ့စားစား မနေအားလင့်၊ ဘုရားမိန့်ဟန် ဗျာဒိတ်သံမှာ နိစ္စံသုခရှာမရတဲ့၊ အတ္တမဟုတ် ဓါတ်နာမ်ရုပ်ကို၊ မိန့်ထုတ်ဖန်ခါ ကိုယ်မှာရှာလော့။
၃။ ငါ၊ ငါ ဓါတ်ခဲ ငါဓါတ်ကွဲအောင်၊ မမြဲအနိစ္စ ဆင်းရဲဒုက္ခ အစိုးမရ အနတ္တဟု၊ ရွရွလှုပ်လှုပ် လက်ကကုတ်လျက်၊ နှုတ်ကတွတ်တွတ် တယ်မရွတ်လင့်၊ စိတ်ညွတ်ဉာဏ်ပါ ကိုယ်တွင်းမှာသာ ခါခါရှာလော့၊ စိတ်ကတွေ့လျှင် ဉာဏ်ကမြင်သည် စိတ်ရှင်ဉာဏ်ဓါတ် လိုရင်းတည်း။
Comments
Post a Comment