အကြွေးများရှိရင်ဆပ်ဖို့မမေ့လေနဲ့
ဒီဘဝမှာရှိတဲ့ အကြွေး ဒီဘဝမှာဘဲ ကျေအောင်ဆပ်ပါ။ နောက်ဘဝကျမှဆိုရင်တော့ ခန္ဓာကိုယ်နဲ့ ရင်းပီးဆပ်ရလိမ့်မယ်။
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူဘူးတဲ့ မောင်ညို ဆန်တစ်စလယ်ဆိုတဲ့ ဖြစ်ရက်လေးဟာ ဘာမှမပြောပါးလောက်တဲ့ ဆန်လေးလက်တစ်ဆုပ်စာလောက်အကြွေးလေးကျန်နေလို့ ခန္ဓာကိုယ်နဲ့ ရင်းပြီးပေးဆပ်လိုက်ရတဲ့ အဖြစ်ကကြောက်စရာ။
အညာဒေသတစ်ခုမှ သူငယ်ချင်းနှစ်ယောက်ရှိတယ် မောင်ဖြူနဲ့ မောင်ညိုပဲ ထားကြပါစို့။ တစ်နေ့တော့ မောင်ဖြူက မောင်ညိုဆီကနေ အခက်အခဲဖြသ်နေလို့ ဆန်တစ်စလယ် ချေးယူလိုက်တယ်
အကြွေးမဆပ်ရမီ တစ်ရက်မှာ ကံရာမတော်တော့ မောင်ဖြူဟာ ပိုးထိပြိး ရုတ်တရက် ဆုံးသွားတယ်။ ဆန်တစ်စလယ်ဆိုတဲ့ အကြွေးလေးပါသွားတာကြောင့် မောင်ညိုအိမ်မှာ တိုက်ကြက်တစ်ကောင် သွားဖြစ်ပြီး ခန္ဓာနဲ့ အကြွေးဆပ်ရတယ်။
မောင်ညိုကတော့ ဘယ်သိမလဲ အရင်ဘဝကသူငယ်ချင်း မောင်ဖြူမှန်း။ မောင်ဖြူနဲ့ပဲ ကြက်တိုက်စားနေတာပေါ့ အမြဲလို နိုင်တဲ့ပွဲကြီးပဲ။ တစ်နေ့တော့ မောင်ဖြူက ဘယ်လိုပဲ ကြိုးစားခွပ်သော်လဲ တစ်ဖက်ကြက်က သူ့ထက်သာနေတာကတစ်ကြောင်း ပွဲဆက်များလွန်းလို့ နာနေတာကတစ်ကြောင်း ရှုံးသွားတယ်။ မောင်ညိုလဲ လောင်းကြေးရှု့းတော့ အိမ်ရောက်တော့ မောင်ဖြူကို ခြေထောက်နှစ်ချောင်းကိုင်ပြီး တိုင်နဲ့ရိုက်သက်လိုက်ပြီး မြေကြီးပေါ် ပစ်ချထားလိုက်တယ်။
မောင်ဖြူအသက်ထွက်ခါနီး ဆန့်ငင်ငင်ဖြစ်နေချိန်မှာ နွားမကြီးတစ်ကောင်က လာနမ်းကြည့်သတဲ့။ ဒါနဲ့ မောင်ဖြူက သေတာနဲ့ ကြက်ဘဝကနေ နွားဘဝ ရောက်သွားတယ်။ နွားအထီးလေးဖြစ် မွေးလာတာပေါ့။ ဒုတိအကြိမ် ခန္ဓာနဲ့ကြွေးဆပ်ရဦးမယ်။ တစ်နေ့မှာ မြို့ပေါ်က အရာရှိလင်မယာနဲ့ အသိမိတ်ဆွေအတော်များများဟာ မောင်ညို့အိမ်အလည်လာတယ်။
ဧည့်သည်တွေကို တစ်ခြားကြွေးစရာ အသားဝယ်မရတာနဲ့ မောင်ညိုဟာ မောင်ဖြူရဲ့ ငယ်ထိပ်ကို ထုသက်လိုက်တယ်။ ဒိအချိန်မှာ မောင်ဖြူက နွားငယ်လေးပဲရှိသေးတယ်။ ဒီလိုနဲ့ မြေကြီးပေါ် ပစ်လဲကျပြီး အသက်ဆန့်ငင်ငင်ဖြစ်နေတဲ့ မောင်ဖြူကို အရာရှိကတော်က သွားကြည့်မိတယ်။
ကိုယ့်အိမ်မှာမွေးထားတဲ့နွားဒီလိုလုပ်ရမလားဆိုပြီး မောင်ညိုကို အပစ်တင်တယ်။သနားလွန်းလို့ မောင်ဖြူရဲ့ အသားကိုလဲ မစားဘူး။
ဒါနဲ့မောင်ဖြူဟာ နွားဘဝကသေတော့ မြို့ကလာတဲ့ အရာရှိကတော်ရဲ့ ဝမ်းထဲမှာ လူသွားဖြစ်ပြန်တယ်။ မောင်ဖြူလေးမွေးပြီးတော့ စကားပြောတက်တဲ့အရွယ်ရောက်တာနဲ့ မောင်ညို ဆန်တစ်စလယ်ဆိုတဲ့ စကားတသ်လုံးကို ခဏခဏပြောနေလို့ မိဘများက သေချာမေးဘကည့်မှ ဖြစ်ကြောင်းကုန်စင်သိရတယ်။ အဲ့ဒီတော့မှ ဆန်အိပ်လိုက် လှည်းပေါ်တင်ပြိး မောင်ညို့အိမ်ကို သုံးဘဝတိတိ တင်ခဲ့တဲ့အကြွေးကို သွားဆပ်တယ်။
မောင်ညိုအိမ်ရောက်လို့ ဖြစ်ကြောင်းကုန်စင်သိရော ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာဆိုပြီး မောင်ညိုဟာ မောင်ဖြူဘဝကလာတဲ့ ကလေးကို ဖက်ပြီး ငိုရှာတယ်။ ဒါက လောကအကြွေး
မေတ္တာရှင်(ရွှေပြည်သာ)၏
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာစာအုပ်မှ အကျဉ်းမျှ ဖော်ပြပါသည်။
#မှတ်ချက်
စာအရမ်းရှည်မည်ဆိုသောကြောင့် ချန်လှပ်ထားခဲ့ရသော စာပိုဒ်များအတွက်
တောင်းပန်အပ်ပါသည်
မေတ္တာဖြင့် ဝင်းကျော်ဦး ပြန်လည်မျှဝေပါသည်။
မိတ်ဆွေများအားလုံး လောကအကြွေး
ကင်းရှင်းကြပါစေ။
Comments
Post a Comment