အသုဘ ဆယ်ပါး
၁။ သေသည်မှ အထက်နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင် သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၂။ အဖြူအနီစသည်နှင့်ရောလျှက် များသောအားဖြင့်ညိုသောအဆင်းရှိသည်ဖြစ်၍ စက်ဆုပ် ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၃။ ယိုသောပြည်ရှိသည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၎။ အလယ်၌နှစ်ပိုင်းပြတ်သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟု လည်းကောင်း။
၅။ ခွေး၊ မြေခွေးအစရှိသည်တို့သည် အထူးထူးသော အခြင်းအရာဖြင့် ခဲအပ်သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၆။ ခွေး၊ မြေခွေးအစရှိသည်တို့သည် အထူးထူးသောအခြင်းအရာဖြင့် အပိုင်းပိုင်းဖြတ်လျှက် ထိုထိုသောအရပ်၌ ပစ်အပ်သည်ဖြစ်၍ စက်ဆုပ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၇။ ကျီးခြေသဏ္ဍာန်အစရှိသဖြင့် ဓားလက်နက်ဖြင့် သတ်လျှက် အထူးထူးသော အခြင်းအရာဖြင့် ပစ်အပ်သည်ဖြင့် စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၈။ ယိုသောသွေးရှိသည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၉။ ပိုးလောက်တို့ဖြင့် ပြည့်သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
၁၀။ အရိုးစုသာဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်ဟုလည်းကောင်း။
ရှုပွားရမည် ဖြစ်ပါသည်။
မိမိခန္ဓာကိုယ်ကို ၄င်း၊ သူတစ်ပါးခန္ဓာကိုယ်ကို၎င်း ရှုမြင်ရမည်ဖြစ်သည်။
သို့မှသာ မိမိခန္ဓာကို ခင်တွယ်နေသာ တဏှာ လျော့ပါးသွားမည်ဖြစ်သည်။
ရာဂအားကြီးသူများ အမြဲပွားများအပ်ပါသည်။
ဝင်းကျော်ဦး
Comments
Post a Comment