သိမှတ်စရာ အဖြာဖြာ

မကဲရဲ့နှင့်

မိမိကိုယ်ကိုမကဲ့ရဲ မရှုတ်ချနှင့်။မိမိကိုယ့်ကိုမလေးစားသူအားမည်သူကမျှလေးစားလိမ့်မည်မဟုတ်။

အောင်မြင်မှု၏အခြေံခံ

မိမိကိုယ်ကို လေးစားခြင်းသည် အောင်မြင်မှု၏အခြေခံအုတ်မြစ်ဖြစ်သည်။

မနေ့ကိစ္စ

မနေ့ကအတွက် စိတ်ပျက်နောက်တရမှုများနှင့်မနက်ဖြန်အတွက်စိုးရိမ်ပှုပန်များဖြင့်
ယနေ့၏သတ္တိစွမ်းအားများကိုမပျက်စီးမပြုန်းတီးပါစေနှင့်။

တစ်နေ့တာဝန်
လူသည်တစ်နေ့တာဝန်ကိုကားမည်မျှလေးလံသည်ဖြစ်စေ ထမ်းပိုးနိုင်သည်။သည်ဝန်ကိုသာကျေပွန်အောင်ထမ်းပါ။သည်ကနေ့
ဘာလုပ်မည်လဲ၊မနက်စောစောမှာစဉ်စားပါ။နေ့ပိုင်းမှာလုပ်ပါ။ညပိုင်းမှာ
နှစ်ခြိုက်စွာအိပ်ပါ။တစ်နေ့တာဝန်ကိုနိုင်နင်းကျေပွန်စွာထမ်းပိုးသွား
လျှင်နောက်နေ့ များသည်ပို၍အောင်မြင်သော်ပို၍ပျော်ရွင် ချမ်းမြေ့ဖွယ်သောယနေ့ဖြစ်လာကြပေမည်။

ယနေ့ကိုဂရုစိုက်ပါ။

ယနေ့ကိုဂရုစိုက်ပါ။မနက်ဖြန်သည်ထိန်းသိမ်းရလွယ်ကူလာပါလိမ့်မည်။သည်ရက်သတ္တပတ်ကိုဂရုစိုက်ပါ။သည်လသည်သင့်အားဒုက္ခမည်မည်ရရပေးမည်မဟုတ်တော။သည်လကိုဂ၇ုစိုက်ပါ။သည်နှစ်သေချာပေါက်အောင်မြင်ပါလိမ့်မည်။

ပြုံးပါ။
လူမှုဆက်ဆံရေးနယ်ပယ်တွင်ပေါင်းကူးတံတားထိုးပေးနိုင်သည့်
အလွယ်ကူအထိရောက်ဆုံးနည်းမှာပြုံးခြင်းဖြစ်သည်။
ပြုံးရခြင်းမှာခက်ခဲသောအလုပ်တစ်ခုမဟုတ်ပါ။မျက်မှောက်ကုတ်ခြင်း၊မဲ့ရွဲ့ခြင်း၊ ခပ်တည်တည်နေရခြင်းတို့လောက်လည်းမပင်ပန်းပါ။ထို့ကြောင့် လူချစ်လူခင်များခြင်းတည်းဟူသော အကျိုးထူးကိုအလွယ်တကူရယူလိုလျှင် စိတ်ပါလက်ပါပြုံးလိုက်ပါဟူ၍သာတိုက်တွန်းလိုပေသ့ည်။့

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး