သတိသံဝေဂ
သင် အသက်တွေကြီးနေပြီ
လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေတုန်းပဲလား…။
သင် သွားတွေကျိုးနေပြီ
မာန် မာနတွေ ကျိုးပြီလား…။
သင်ပါးရေတွေ တွန့်နေပြီ
မကောင်းမှုမှ တွန့်ဆုတ်ပြီလား…။
သင် အားအင်တွေ လျော့ပါးနေပြီ
တဏှာ ဆန္ဒတွေ မလျော့ပါးသေးဘူးလား…။
သင် ဆံပင်တွေ ဖြူနေပြီ
သင့်စိတ်ထားတွေ ဖြူပြီလား…။
သင် မျက်စိတွေ မှုန်ဝါးနေပြီ
သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား…။
နေ့မြင် ညပျောက် မျက်စိတမှိတ် လျှပ်တပြတ်
ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင်
ဖြစ်ပျက် မြန်ဆန် လောကဓံကြမ်း ခရီးလမ်းမှာ
ညှိုးနွမ်းနေရ ဝဋ်ဒုက္ခအပေါင်း ပိတ်လှောင် အောင်းပြီး
နေ့လန်း ညငြိုး ဘဝဆိုးမှ လွတ်မြောက်ရအောင်
စွမ်းဆောင်နိုင်အောင် ကြိုးစားသင့်ပြီ...။
ချမ်းမြေ့ပါစေ။
ဝင်းကျော်ဦး
Comments
Post a Comment