နှစ်သက်မိသော စကားစုများ
“Rich people have small TVs and big libraries, and poor people have small libraries and big TVs.”
- Zig Ziglar -
ချမ်းသာတဲ့လူတွေမှာ TV သေးသေးလေးတွေနဲ့ စာကြည့်တိုက် အကြီးကြီးတွေရှိတယ်။
ဆင်းရဲတဲ့လူတွေမှာတော့ စာကြည့်တိုက် သေးသေးလေးနဲ့ TV အကြီးကြီးတွေရှိတယ်...။
- Zig Ziglar -
“Choose your love. Love your choice.”
- Thomas S. Monson -
မင်းအချစ်ကို ရွေးပါ။ မင်းရွေးချယ်မှုကို ချစ်ပါ...။
- Thomas S. Monson -
“It's better to burn out than to fade away.”
- Neil Young -
မှိန်ဖျော့ပျောက်ကွယ်ရတာထက် လောင်ကျွမ်းကုန်ဆုံးရတာက ပိုကောင်းပါတယ်...။
- Neil Young -
“Friendship often ends in love. But love in friendship; never.”
- Charles Caleb Colton -
ခင်မင်ရင်းနှီးမှုဟာ အချစ်တွေအဖြစ် အဆုံးသတ်သွားတတ်တယ်။ ဒါပေမယ့် အချစ်တွေကတော့ ခင်မင်ရင်းနှီးမှုအဖြစ် ဘယ်တော့မှ အဆုံးမသတ်ကြဘူး...။
- Charles Caleb Colton -
“Never love anyone who treats you like you're ordinary.”
- Oscar Wilde -
ကိုယ့်ကို သာမန်လူတစ်ယောက်လိုပဲ သဘောထားပြီး ဆက်ဆံတဲ့ ဘယ်သူ့ကိုမှ မချစ်မိစေနဲ့...။
- Oscar Wilde -
“Try not to become a man of success. Rather become a man of value.”
- Albert Einstein -
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် မကြိုးစားစမ်းပါနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားစမ်းပါ...။
- Albert Einstein -
“Love is a fire. But whether it is going to warm your hearth or burn down your house, you can never tell.”
-Joan Crawford -
အချစ်ဆိုတာ မီးပါပဲ။ ဒါပေမယ့် ကိုယ့်နှလုံးသားကို အနွေးဓာတ်ပေးမယ့်မီးလား၊ ဒါမှမဟုတ် ကိုယ့်အိမ်ကို ပြာချပစ်မယ့်မီးလားဆိုတာကိုတော့ ဘယ်သောအခါမှ မင်းပြောနိုင်မှာ မဟုတ်ဘူး...။
-Joan Crawford -
“Friendship is selfless love, care, respect, and honor not a profitable opportunity.” -Santosh Kalwar -
ခင်မင်ရင်းနှီးမှုဆိုတာ အတ္တမပါတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုတစိုက်ရှိမှု၊ ရိုသေလေးစားမှုနဲ့ ဂုဏ်သိက္ခာ ဖြစ်တယ်...။ အကျိုးအမြတ်ရနိုင်တဲ့ အခွင့်အရေးတစ်ခု မဟုတ်ဘူး...။
-Santosh Kalwar -
“Sometimes life knocks you on your ass... get up, get up, get up!!! Happiness is not the absence of problems, it's the ability to deal with them.”
- Steve Maraboli -
တစ်ခါတစ်လေမှာ ဘ၀က မင်းဖင်ကို ဆောင့်ကန်ပစ်လိမ့်မယ်။ ပြန်ထ...ပြန်ထ...ရအောင်ပြန်ထ...။ ပျော်ရွှင်မှုဆိုတာ ပြဿဿ နာ တွေ မရှိတော့တာကို မဆိုလိုဘူး။ ပြဿဿ နာ တွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတယ်...။
- Steve Maraboli -
“The worst thing you can do if you miss or need someone is let them know it.”
-Sarah Dessen -
တစ်ယောက်ယောက်ကို လွမ်းနေတယ်၊ တမ်းတနေတယ်ဆိုရင် ကိုယ်လုပ်နိုင်တဲ့ အဆိုးဆုံးအလုပ်ကတော့ ကိုယ်ခံစားနေရတာကို သူတို့သိအောင် လုပ်ဖို့ပဲ...။
-Sarah Dessen -
“Love is that condition in which the happiness of another person is essential to your own.”
-Robert A. Heinlein -
တခြားလူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ ကိုယ့်အတွက် မရှိလို့ကိုမဖြစ်အောင် လိုအပ်နေတဲ့ အခြေအနေကို အချစ်လို့ ခေါ်တယ်... ။
-Robert A. Heinlein -
“People rarely succeed unless they have fun in what they are doing.”
-Dale Carnegie -
ကိုယ်လုပ်နေတဲ့အလုပ်ကို မပျော်ရွှင် မကြည်နူးဘဲ အောင်မြင်တဲ့လူဆိုတာ အတော်ကို ရှားတယ်...။
-Dale Carnegie -
“The only way of knowing a person is to love them without hope.”
- Walter Benjamin -
လူတစ်ယောက်အကြောင်းကိုသိဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ မျှော်လင့်ချက်မထားဘဲ သူ့ကို ချစ်ကြည့်လိုက်ဖို့ပဲ...။
- Walter Benjamin -
“We waste time looking for the perfect lover, instead of creating the perfect love.”
-Tom Robbins -
ကျုပ်တို့တတွေဟာ ပြီးပြည့်စုံတဲ့ အချစ်ကို ဖန်တီးကြမယ့်အစား ပြီးပြည့်စုံတဲ့ ချစ်သူကို ရှာရင်း အချိန်တွေ ဖြုန်းနေကြတာပဲ...။
-Tom Robbins -
“Don't let what you cannot do interfere with what you can do. ”
- John Wooden -
ကိုယ်လုပ်နိုင်တဲ့အရာတွေကို ကိုယ်မလုပ်နိုင်တဲ့အရာတွေက ၀င်ပြီး မနှောင့်ယှက်စေနဲ့...။
- John Wooden -
“How do you spell 'love'?" - Piglet
"You don't spell it...you feel it." - Pooh”
-A.A. Milne -
Piglet - အချစ်ဆိုတာကို ဘယ်လို စာလုံးပေါင်းရမလဲဟင်....
Pooh - အချစ်ဆိုတာ စာလုံးပေါင်းလို့ရတာမဟုတ်ဘူးကွ...ခံစားရမှ သိတဲ့အရာ.
-A.A. Milne -
“If you try and lose then it isn't your fault. But if you don't try and we lose, then it's all your fault.”
- Orson Scott Card -
မင်းကြိုးစားတယ်၊ ရှုံးသွားတယ်...ဒါ မင်းအပြစ်မဟုတ်ဘူး။ တကယ်လို့ မင်းမကြိုးစားလို့ ငါတို့တွေ ရှုံးသွားရင်တော့ အားလုံး မင်းအပြစ်ပဲ...။
- Orson Scott Card -
ဝင်းကျော်ဦး
Comments
Post a Comment