အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်

တစ်ဖက်သားကိုနွေးနွေးထွေးထွေး
ချစ်ခင်တတ်ရင် ကိုယ့်ကို
နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ
ပေါ်လာမှာပါ။
တစ်ဖက်သားကို မြတ်မြတ်နိုးနိုး
ကြင်နာတတ်ရင် ကိုယ့်ကို
မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ
ရောက်လာမှာပါ။
တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက်
ယုယတတ်ရင် ကိုယ့်ကို
ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ
ရှိလာမှာပါ။
တူသောအကျိုးပေးတတ်တဲ့
ကံတရားကိုဘယ်သူများ
ဟန့်တားနိုင်တာမှတ်လို့။

ဆရာတော်အရှင်ဆန္ဒာဓိက

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး