ဘယ်သူတွေလဲ နေ့တိုင်း အရူးထနေသူ တစုဆိုတာ

ပုထုဇ္ဇနော ဥမ္မတ္တကော။ ။ ပုထုဇဉ်တွေဟာ အရူးတွေဆိုတာ စာပေကျမ်းဂန်က ဆိုတာလား၊ သူတို့ဘယ်လို အရူးထကြတာလဲ အရူးထပုံကို သိပါရစေ။

အင်း… ပုထုဇဉ်တွေ အရူးထပုံကို စာပေကျမ်းဂန်က ဆိုတာ အမှန်ပါပဲ၊ အရူးထပုံက…
အတိတ္တာယေ၀ ကာမေသု၊
ပပဉ္စေန ဟိ တေ သတ္တာ။
အနိစ္စံ နိစ္စသညာယ၊
ဥမ္မာဒန္တိ ဒိနေ ဒိနေ။
တဲ့ သတ္တ၀ါ ပုထုဇဉ်တွေဟာ တဏှာ မာန ဒိဋ္ဌိ ခေါ်တဲ့ သံသရာနယ်ချဲ့တရားသုံးပါးကို လက်ကိုင်ထားပြီး တော့ အာရုံငါးပါးကာမဂုဏ်တရားတို့၌ ရောင့်ရဲတင်းတိမ် အားရကျေနပ်မှု မရှိနိုင်ကြဘဲ ထပ်တလဲလဲ ရှာဖွေခံစားကာ……
မမြဲတဲ့ အနိစ္စတရားကို မြဲတယ်ဟုထင်မှတ်လျက် လင်မယား သားသမီး ပစ္စည်း ဥစ္စာ ၀တ္ထုကာမတို့ဖြင့် မူးယစ်မေ့လျော့ကာ နေ့တိုင်းနေ့တိုင်း အရူးထနေကြကုန်၏တဲ့။
ဒုက္ခ- ဆင်းရဲတာအမှန်ကိုလည်း ချမ်းသာဟု ထင်မှတ်ကာ နေ့တိုင်းနေ့တိုင်း ပျော်ပါးလျက် အရူးထ၍နေ ကြကုန်၏တဲ့။
အနတ္တ - ငါမဟုတ် ငါ့ဥစ္စာ မဟုတ်တဲ့ အရာဝတ္ထုတွေကိုလည်း ငါ ငါ့ဥစ္စာ ငါ့ဟာ ငါစိုး ငါပိုင်ဟု ထင်စွဲကာ နေ့တိုင်းနေ့တိုင်းပဲ အရူးပွဲခံနေကြကုန်၏တဲ့။
ကဲ.. ရှင်းရဲ့လား၊ အနိစ္စကို နိစ္စထင်တယ်၊ ဒုက္ခကို သုခထင်တယ်၊ အနတ္တကို အတ္တထင်နယ်၊ အဲဒါတွေဟာ အရူးစိတ်တွေနဲ့ အရူးထတာပဲတဲ့၊ အဲဒါ စာပေကျမ်းဂန်က စကားတွေပဲ။

ဝင်းကျော်ဦး

မူရင်း Credit

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး