ငါစွဲ ၄ မျိုး
၁။ ဒိဋ္ဌိစွဲ ငါ။ ။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လို့ စွဲယူထားတဲ့ ငါစွဲမျိုး။
၂။ တဏှာစွဲ ငါ။ ။ ငါ - လို့ စွဲယူသာယာနေတဲ့ တဏှာစွဲ ငါ မျိုး။
၃။ မာနစွဲ ငါ။ ။ ငါဟေ့ ငါကွ ငါတို့က ငါဟဲ့ယောက်ျား မာနစွဲ ငါ မျိုး။
၎။ ဝေါဟာရစွဲ ငါ။ ။ သတ္တ၀ါများ နားလည်လွယ်အောင် သတ္တ၀ါတို့ ခေါ်ဝေါ်ပြောကြားတဲ့ ဝေါဟာရစကားဖြင့် မပြောမဖြစ်လို့ ပြောရတဲ့။ အဟံ၊ ငါဘုရားသည်။ ဘိက္ခဝေ၊ ငါ၏ ချစ်သားရဟန်းများတို့။ မမဓမ္မံ၊ ငါ့တရားကို ဟုပြောကြား ခေါ်ဝေါ်ရုံမျှ ငါကိုတော့ ဝေါဟာရစွဲ ငါလို့ခေါ်တယ်၊ ဒိဋ္ဌိစွဲနဲ့ခေါ်တာမဟုတ်ဘူး၊ မခေါ်မဖြစ်လို့ တရားနာသူတို့ နားလည်လွယ်အောင် ခေါ်ဝေါ်တဲ့ ငါ၊ ဝေါဟာရ ငါလို့ မှတ်ယူပေတော့။
ဒါကြောင့် ရှေးပညာရှိ ဆရာတော်အဆက်ဆက်တို့က သိလွယ်နိုင်အောင် ဆောင်ယူထားဖို့ ဆောင်ပုဒ်လင်္ကာ စပ်ဆိုထားကြတယ်။
၁။ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဒိဋ္ဌိ ငါဟု မှတ်။
၂။ ငါ ငါ ငါ ငါ သာယာတာ တဏှာ ငါဟုမှတ်။
၃။ ငါကွ ငါဟ ငါတို့က မာန ငါဟုမှတ်။
၎။ ငါ၏ချစ်သား ရဟန်းများ ခေါ်ငြား ဝေါဟာရ။
Comments
Post a Comment