ဆည်းကပ်သင့်သော ဆရာကောင်း၏ အင်္ဂါလက္ခဏာများ
ရိုသေ ချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်
လွဲမိုက်ဆုံးမ၊ မေးသမျှခံ
ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍
ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်
ပြည့်လျှမ်းညီညာ၊ ဤဆရာ
ဖွေရှာတပည့်ခံ။
မန်လည်ဆရာတော်ဘုရား ဖွဲ့ဆိုခဲ့ခြင်းဖြစ်ပါသည်။
၁။ ရိုသေထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၂။ ချစ်ခင်ထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၃။ ချီးမွမ်းထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၎) မိမိ၏လွဲမှားမှု၊ မိုက်မဲမှုကို ဆုံးမခြင်း
၅။ မိမိမေးသမျှကို ဖြေဆိုနိုင်ခြင်း
၆။ နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ခြင်း
၇။ အကျိုးနည်းသော အလုပ်များကို တားမြစ်ဲ၍ အကျိုးရှိသောအလုပ်များကို ညွှန်ပြနိုင်ခြင်း
#ဂုဏ်လေးပါး
(၁) ဒါန - လောဘမကြီးဘဲ ပေးကမ်းစွန့်ကြဲသူ ဖြစ်ရမည်။
(၂) ပေယျဝိဇ္ဇ - ဒေါသမကြီးဘဲ မေတ္တာနှင့် ယှဉ်သည့် ချစ်ခင်ဖွယ်ရာစကားရှိရမည်။
(၃) အတ္တစရိယာ - တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမည်။
(၄) သမာနတ္တတာ - မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမည်။
အရှင်ဇဝန - မေတ္တာရှင်၏ ဆရာကောင်းကို ရှာဖွေခြင်းစာအုပ်မှ ကောက်နှုတ်၍ တင်ပြအပ်ပါသည်။
ဝင်းကျော်ဦး
Comments
Post a Comment