နေရာတကာ မနောက်လေနဲ့

မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံမှာ  ခါးကုန်းနေတဲ့ ကျွန်မ တစ်ယောက်ရှိတယ်အမည်မှာ ခုဇ္ဇုတ္တရာ (ခါးကုန်း) လို့ခေါ်ပါတယ်။

မိဖုရားဟာ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လှဲလည်စေတယ် တစ်နေ့ ပန်းသည်ရဲ့ အိမ်မှာ မြတ်စွာဘုရား တရားဟောတာနဲ့ ကြုံကြိုက်လို့ ပန်းဝယ်လာတဲ့ ကျွန်မဟာ တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေတော့  အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်တဲ့ ကျွန်မဖြစ်လို့  ချက်ခြင်းပဲ သောတာပန် တည်လေတယ်။

သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ဆိုရင်
သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေ ချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး  အိမ်ရောက်လာတယ်။ ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ သနပ်ခါးဘူးက သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့
အရှင်မ အဲဒ်ီဘူးလေးကို  ခဏလှမ်းလိုက်စမ်းပါ လို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။ အဲဒီမှာ... ဘိက္ခုနီမက...
တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ် ရဟန်းမ တစ်ပါးကို စိတ်ဆိုးလို့ရှိရင် သူသေရင် ငရဲရောက်လိမ့်မယ်။ တကယ်လို့ ယူပေးလိုက်မယ်ဆိုရင်တော့ဖြစ်လေရာ ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်။ ငရဲကျတာထက်စာရင်တော့ ကျွှန်ဖြစ်ရတာက တော်ပါသေးတယ်ဆိုပြီးဘူးလေးကို ယူပေးလိုက်ပါတယ်။
အဲဒီလို ဘိက္ခုနီမတစ်ပါးကို ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကို ခိုင်းခဲ့တဲ့ အတွက်ကြောင့် ကျွှန်ဖြစ်ရပါတယ်။
ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘ၀တစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲက ရွှေရံ တော်တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေက ဗုဒ္ဒါအရှင်မြတ် ရှစ်ပါး နေ့စဉ် ဆွမ်းခံကြွပါတယ်။ အဲဒီထဲက တစ်ပါးက နည်းနည်းခါးကုန်နေတယ်။ အဲဒါကို ခုဇ္ဇုတ္တရာလောင်းလျာ  ရွှေရံတော်က သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲပြီး တော့ စကြနောက်ကြ ပြီးဆိုရင် တစ်ခါတရံမှာ သူက ကမ္ဗလာအနီကြီးကို သင်္ကန်းလို လုပ်ပြီး ခြုံ  ရွှေဖလားကြီးကို သပိတ်လိုပိုက်ပြီးတော့ ငါတို့ နန်းတော်ထဲ ဆွမ်ခံကြွတဲ့ ဟို အရှင်မြတ်က ဒီလိုဒီလို ကုန်းတယ်ဆိုပြီးခါးကုန်တဲ့ပုံလုပ်ပြပါတယ်။ ကွယ်ရာမှာ အပျော်သဘောနဲ့ ပျောင်လှောင်ခဲ့ပါတယ်။ ကာယကံရှင်ကို လက်ညှိုးထိုး စွတ်စွဲပြောဆို စော်ကားမှ အကျိုးပေးတာမဟုတ်ဘူး  ကွယ်ရာမှာ အချင်းချင်းပြောဆိုရင်  ကိုယ်တစ်ကိုယ်တည်း ပြောဆိုနေရင်လည်း အကုသိုလ်ကံ အထမြောက်တဲ့အကြောင်း တွေ့ရပါတယ်။
အဲဒီလို ပစ္စေက ဗုဒ္ဒါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘ၀တိုင်းမှာ ခါးကုန်းရပါတယ်။
ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမဲ့ ဥာဏ်ကောင်းပြီး ဗဟုသုတပြည့်စုံပါတယ်။
အဲဒီ လိုပြည့်စုံတာကတော့ ပစ္စေက ဗုဒ္ဒါအရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နှို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။ နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ်ကလည်း ပူတေယ် အဲဒီတော့ ပူနေတဲ့ သပိတ်ကို အရှင်မြတ်များ အေးဆေးပုံမှန်အတိုင်းမကိုင်နိုင်တော့ဘဲ ဟိုဘက်သည်ဘက် ပြောင်းလိုက်နဲ့  ဣနြေ္ဒမရဖြစ်နေချိန် မှာ ခါးကုန်းတာပြောင်ပြတဲ့  ရွှေရံတ်ာမလေးက သူ့လက်မှာ ပတ်ထားတဲ့ ရွှေလက်ကောက်ရှစ်ကွင်းကို ချွတ်လိုက်ပြီးတော့...အရှင်မြတ်တို့...သပိတ်အောက်မှာသပိတ်ခြေအဖြစ်နဲ့ အသုံးပြုပါလို့ အပြီးအပိုင် လှူခဲ့ပါတယ်။ အပူဒဏ်သက်သာအောင် ရွှေလက်ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့် ကိလေသာအပူတွေ ငြိမ်းပြီးတော့ ဥာဏ်ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လာခဲ့ရပါတယ်။

ပြောချင်တာကတော့ ယခုတစ်လော လူ့ချို့ဟာ fbပေါ်မှာ  ရဟန်းသံဃာတွေရဲ့ပုံတွေမှာ ပေါက်ပန်းလေးဆယ် စာတွေရေးပြိး အပြစ်ပြုလေရှိကြပါတယ် ဒါဟာ အင်မတန်မှ အကုသိုလ် ကြိးတဲ့အပြစ်ပါ ခင်များတို့ကပြောကြလိမ်ယ့်မ ကိုယ်ရေးတာမဟုတ်ဘူး fb ပေါ်မှာ တင်ချင်တင်မှာပဲလို့ ပြောပါလိမ့်မယ် မည်သူပဲရေးရေး မိမိက ရဟန်းသံဃာကို နှိမ့်ချအပြစ်ပြောလိုသော စိတ်ဆန္ဒပါသောကြောင့် အပြစ်ဟာ အတူတူပဲ ရရှိမှာဖြစ်ပါတယ်။

မြတ်စွာဘုရား၏ သာသနာတော် နှင့်တွေ့ကြုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံပွားများခွင့်ရသောအချိန်အခါ ဖြစ်ပါတယ်။ ယခုသုတ္တန် အားကြည့်ခြင်းအားဖြင့် မကောင်းသော ၀ဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန် အလို့ငှာ ကိုယ်၊ နှုတ်၊ စိတ် တို့ကို ကောင်းစွာထိန်းသိမ်းကြရန်လိုအပ်ပါတယ်လို့ ဆိုရင်း.....

လေးစားစွာဖြင့်

ဝင်းကျော်ဦး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး