ဝိဝေက

ကိလေသေဟိ ၀ိဝိတ္တာတ္တာ ၀ိဝေကော” လို့ ပဋိသမ္ဘိဒါမဂ်၌ ဆိုတယ်။ အဓိပ္ပါယ် က မိမိတို့ အမြဲတစေ စွဲယူဖြစ်ပေါ်ခံစားနေကြတဲ့ ကိလေသာတရား လောဘ၊ ဒေါသ၊ မောဟ စိတ်များ ကင်းဆိတ်ငြိမ်ဝပ်တဲ့ သမယကို ၀ိဝေက - ဆိတ်ငြိမ်သော နေရာအရပ် လို့ မှတ်ရမည်။

လူသူမနီး တောတောင်ကြီး လိုဏ်ဂူကြီးထဲမှာ ၀င်နေပေမင့် တရားအမှတ်ကို သတိမေ့ပြီး မတည်မငြိမ် ဘဲ ကိလေသာအာရုံတွေထဲ စိတ်ရောက်နေရင် ၀ိဝေကအရပ်ဋ္ဌာန မဟုတ်ဘူးပဲ။
ဒါကြောင့် ဘယ်နေရာ ဘယ်အရပ်မှာပဲနေနေ မမေ့တဲ့တရားအမှတ်ထဲမှာ စိတ်ခိုင်မြဲ တည်တံ့နေရင် ၀ိဝေက- ဆိတ်ငြိမ်တဲ့နေရာဌာနဖြစ်တယ်။  ကိလေသာတို့မှ ဆိတ်ငြိမ်တဲ့နေရာလိုသာ မှတ်ပေတော့ “သတိ ၀ိရဟိတော ၀ိဝေကောနာမ နတ္တိ” လို့လည်း ပါဠိတွေအများကြီးပဲ ရှိပါတယ်။

ဝိဝေကဆိုတဲ့ အနက်
ဝိ က တစ်ပုဒ်၊ ဧက က တစ်ပုဒ်၊ နှစ်ပုဒ်ပေါင်းထားတဲ့ ပါဠိစကားပဲ၊ ယင်းရဲ့ အနက်သဘောကို သည်လိုမှတ်ပေါ့။
ဝိ = ကိလေသာ အာရုံတို့မှ ကင်းဆိတ်သော။
ဧက = တစ်ခုတည်းသော စိတ်။
ဝိဝေက = ကိလေသာအာရုံတို့မှ ကင်းဆိတ်သော တစ်ခုတည်းသော စိတ်တဲ့၊ ဒီစကားကိုပဲ နေရာ “ဌာန” နဲ့ တွဲစပ်ပြီးတော့ ဆိတ်ငြိမ်ရာဋ္ဌာနလို့ ခေါ်ဆိုနေကြတာ ဖြစ်တယ်။

အမှန်က“ စိတ်ငြိမ်ရာဌာန” လို့ ခေါ်ဆိုရင် ပိုကောင်းမှာ။

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး