မှတ်မှတ်ရရရှိနေဆဲ

ကြုံခဲ့ဘူးတာပေါ့
အတူတူကြည့်ရင်း
ရင်ခုန်ခဲ့ဘူးတယ်လေ
ကြယ်တွေစုံတဲ့ ညတစ်ည
လမင်းကိုတောင်
အပြစ်တင်ခဲ့မိသေးတယ်
ကြယ်ကလေးတွေအရောင်မှိန်သွားလို့
ဘယ်သူကပြောခဲ့တာလဲ
ဆုတောင်းရင်ပြည့်တယ်ဆိုလို့
ကြွေသွားတဲ့ ကြယ်ကလေးကိုကြည့်ရင်း
ဒီဘဝမှာတစ်သက်မခွဲ
လက်တွဲပါရစေလို့
အော် အခုကျတော့လည်း
ကြယ်တွေစုံတဲ့ညကိုကြည့်ရမဲ့အစား
ခွဲထွက်သွားရက်တဲ့
မင်းဓာတ်ပုံလေးကိုကြည့်ရင်း
ကိုယ့်မျက်ဝန်းက
ကြယ်ကလေးတွေကြွေနေခဲ့တာ
ညစဉ်ညတိုင်းပေါ့ကွယ်။

WKO

Comments

  1. ဘာရယ်မဟုတ်ပါဘူး😃😃😃

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete

Post a Comment

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး