သံဝေဂ ယူစေချင်
ကိုယ်ခန္ဓာ ကောင်ရုပ်က ဟောင်ပုပ်ပုပ် နံသည်။
ဦးဒွါရ ပြွန်နဒီမှာ ရွံစလီ ပါပဲ။ ဤကာယ ရုပ်အရှင်ကို အဟုတ်ပင် မှတ်ကြ မစွဲ။
သုဿာန်နှင့် ဓဇပြင်မှာ သူသေပင် မလွဲ။
ချွေးမျက်ရည် နှပ်ချွဲက ပြတ်မဆဲ စီးယို။
အိုင်းအနာ နူအရွဲရယ်နှင့် တူတူပဲ မှတ်ကြကိုယ့်ကို။
များတစ်စု လူဗိုလ်မှာ အဟုတ်လို ထင်စွဲလို့ စက်ဝဲ သံသရာ မွမ်းနစ်ကြရှာ။
ကမ်းတစ်ဖက် ခေမာကို ရောက်နိုင်ပါမည် ဦးကွဲ့ လေး။
လယ်တီဆရာတော်ဘုရားကြီး
ဓမ္မဒါန
ဝင်းကျော်ဦး
Comments
Post a Comment