အဝိဇ္ဇာ အမှောင်ထု


သံသရာ ဝဋ်ထဲ၊ မကျွတ်ဘဲ နေနေ၊ ဇွတ်ဆွဲ၍ တပေပေနှယ်၊ သေပါစေ ခင်ရဲ့။ နိဗ္ဗာန်မြို့  အမြိုက်ခွင်ကို၊ မလိုက်ချင် ရုန်းကန်လို့ပဲ။ နှစ်ယောက်တည်း စံပါ့မယ့်၊ ကံနှစ်ဖြာ နယ်လှည့်။ သံသရာ အကျယ်ချဲ့ ပါလို့၊ တလယ်လယ့် မောင်မယ်။ ဘဂဝါဆူဆူ ဆုံးစေတော့၊ တူတူပုံး ပုံးလို့သာရွယ်။ တေဘုမ္မာ ဝဋ်နန်းလယ်မှာ၊ ကျွတ်တမ်းကွယ်၊ စာမလိပ်ချင်ဘူး။ အဝါဇိတ်မှိုင်းမှောင် ညစ်ပေရိုင်းခေါင်။ နောက်ချန်၍ အပိုနေမယ်၊ နှစ်ကိုယ်ရည် ပျော်စမ်းချင်လို့လေး။ (စာမလိပ်= စိတ်မလာ။ အဝါဇိတ်= အဝိဇ္ဇာ)

စလေဦးပုည

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး