အမေ

အမေဆိုတာ
ဘယ်တော့မှ မအို
ဘယ်တော့မှ မပြောင်း
ဘယ်တော့မှ မဟောင်းတာ
သားသမီးတွေအပေါ်မှာထားတဲ့
အမေ့ရဲ့ ချစ်ခြင်းမေတ္တာတရားပါပဲ
အမေ...။

ကြားခဲ့ရသမျှ
သီချင်းသံတွေထဲမှာ
အချိုမြိန်ဆုံးကတော့
အမေ့ရဲ့သားချော့တေးပါပဲ။
နားဆင်ဖူးသမျှ
ဂီတသံတွေထဲမှာ
နရီစည်းချက်
အပီပြင်ဆုံးနဲ့
ရင်ကိုလှုပ်ခတ်စေခဲ့တာ
အမေ့နှလုံးခုန်သံပါပဲ။

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး