ပီးမြောက်သည့်ဆေး
စာနာကူဖေး၊ လက်ကလေးလျှင်
နွေးထွေးမှုနှင့် လှပါ၏။
ပြုံးရွှင်ရယ်မော၊ မျက်နှာချောလျှင်
သောကပြေအောင် ထမ်းရွက်ဆောင်၏။
ချိုသာဆက်ဆံ၊ ဆိုနွဲ့ဟန်လျှင်
ထန်သောဒေါသ ငြိမ်းစေ၏။
စိတ်ကောင်းကိုထား၊ မပလွှားနှင့်
များနှင့်ဆက်ဆံ၊ စဉ်သည်းခံ၍
ကောင်းရန်အမြင်၊ ဆိုးပြုပြင်လျက်
ဖြူစင်စာနာ၊ မေတ္တာပါသော်
လိုရာပြီးမြောက် နိုင်ပါ၏။
ဝင်းကျော်ဦး
Comments
Post a Comment