မထင်နဲ့
ဒါနပစ်ပယ် ကံဟောင်းဖယ် ကောင်းမယ်မထင်နဲ့။
ကိုယ်ကျင့်မပါ နင့်သိက္ခာ တက်မှာမထင်နဲ့။
ငွေရှိသိက္ခာ ငွေနောက်ပါ မြဲမှာမထင်နဲ့။
တံခိုးအာဏာ ရှိတုန်းသာ မြဲမှာမထင်နဲ့။
ကိုယ်ကျင့်ပစ်ခွာ စီးပွားရှာ တက်မှာမထင်နဲ့။
ဒါနမပါ ကောင်းစားရှာ ရမှာမထင်နဲ့။
သာ၍သာပေါင်း ရဲရွေရောင်း ကောင်းမယ်မထင်နဲ့။
အမျှော်နှင့်သာ ပေးစွန့်ရာ ပွားမှာမထင်နဲ့။
မာနချင်းပြိုင် နိုင်ရာကိုင် ပိုင်မယ်မထင်နဲ့။
တဏှာရင်းခံ နှီးနှောပြန် ဟန်မယ်မထင်နဲံ့။
ငါတလုံးခံ နှီးနှောပြန် မှန်မယ်မထင်နဲ့။
အဆိုးလုပ်သော် အကောင်းမျှော် ပေါ်မယ်မထင်နဲ့။
အဆိုးလုပ်လျက် အကောင်းထွက် ဆက်မယ်မထင်နဲ့။
မိတ်ပျက်နှင့်ပေါင်း နင့်အကြောင်း ကောင်းမယ်မထင်နဲ့။
ဝါဒမကောင်း နင်သွားပေါင်း ကောင်းမယ်မထင်နဲ့။
ဘာသာမမှန် နင်ဆက်ဆံ မှန်မယ်မထင်နဲ့။
သူ့ဘာသာပြောင်း ကိုယ့်ယူစောင်း ကောင်းမယ်မထင်နဲ့။
သူကောင်းခေါ်ရာ နင်မပါ သာမယ်မထင်နဲ့။
စိတ်လိုလိုက်ကာ အကောင်းရှာ သာမယ်မထင်နဲ့။
ရသလောက်လို စိတ်ကြိုက်ကို ပိုမယ်မထင်နဲ့။
ကာမတဏှာ ကြီးစိုးရာ ချမ်းသာမထင်နဲ့။
တဏှာပူဆာ ဖြေသိမ့်ရာ ချမ်းသာမထင်နဲ့။
အလိုကြီးရာ လုပ်ရခါ ချမ်းသာမထင်နဲ့။
ရေထဲသွားရာ ငါးနောက်ပါ ချမ်းသာမထင်နဲ့။
အလိုရှေ့ယိမ်း နင်လိုက်ထိန်း ငြိမ်းကိန်းမထင်နဲ့။
မဟာဗောဓိမြိုင်ဆရာတော်
ဝင်းကျော်ဦး
Comments
Post a Comment