အိုဇရာယိုယွင်းခါ

   တစ်နေ့ တစ်နေ့နဲ့ တရွေ့ ရွေ့  ယွင်းယို။
နောက်ကိုယ်ဖြင့် ပြန်မပျိုပြီ ရှေ့ကိုသာ အိုမြဲ။ သွားကျိုးလို့ ဆံဖြူ၊ ငယ်ရုပ်မူ ဖောက်ပြန်လို့လွဲ။
မေးချွန်လို့ ပါးပိန် သွားမငြိမ် ဖောက်လွဲ။
အရိုးက ကျဲကျဲနှင့် လဲလုလု ခါးက မခိုင်။
မျက်စိမှုန် သေးကာမှေး မျက်ချေးက သုတ်လို့ မနိုင်။ ဇရာမင်း သူကိုင်လျှင် မခံနိုင် အိုမြဲပ။
မလွဲဘူး ပုံသေ စွဲကြသံဝေ။
မအိုရာ ဌာန ညွှန်းပြလို့ ဖြေမယ် မြကျွန်းမြေ နိဗ္ဗူပလေး။

လယ်တီဆရာတော်ဘုရားကြီး

Comments

Popular posts from this blog

ငါးမည်ရပြည်ရွှေဘို

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး