အိုလာရင်မကောင်းတော့ဘူး
ဤသန္ဓေ လက်ရင်းကြောင့်၊ ခက်ခြင်းကြီး ခက်ချေ။ ပျက်ယွင်းပြီး ပျက်စေတယ်၊ ကျက်သရေ မဲ့ရေး။ဝဋ်ဇာတိ ဘဝလာလျှင်၊ ဇရာ့တာ ဆိုက်ရောက်မည့် ဘေး။ သွားကျိုးလို့ ပါးပိန်ပိန်၊ အားအရှိန် ပျက်သေး။ စားမမြိန် စက်မမှေးနိုင်လို့၊ အခက်ရေး အတန်တန်။ ဆံပင်ဖြူ ရှုပ်ပွေ စွမ်းငယ်နှင့်၊ ဒုက္ခေနာ ဒုက္ခက,ရံ။ ဒုတ်ကြီးကြီး ခံခက်ဟန်ငယ်၊ နားထိုင်းပြန် ယိုယွင်းလို့၊ အိုမင်းမှု ကုန်းကွဇရာ၊ အသုံးမကျပါ။ ရှင်သေမင်း လာမခေါ်တာတောင်၊ လူအရာ မဝင်ဘူးရှင့်လေး။
လယ်တီဆရာတော်ဘုရားကြီး
Comments
Post a Comment