ရှောင်ကြင်ရမည့် ကမ္မကိလေသာ တရား-၄-ပါး အကျဉ်

᠌᠌၁။.  သက်သတ်, ခိုးဝှက်၊ အိမ်ရာဖျက်၊ နှုတ်ထွက် မမှန်ငြား။
၂။.  အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။

အဓိပ္ပါယ်  ᠌᠌᠌

(၁)-   ပါဏာတိပါတ။ ။ သန်းဥ, ကြမ်းပိုးဥ-မှ စ၍ အသက်ရှိသူ လူ, တိရစ္ဆာန်သတ္တဝါ မှန်သမျှကို သတ်ဖြတ် ညှဉ်းဆဲခြင်း တစ်ပါး။

(၂)   အဒိန္နာဒါန      ။  ။သူတပါးတို့ ပိုင်ဆိုင်သော ဥစ္စာကို အနိုင်အထက် နှိပ်စက်ခြိမ်း ခြောက် တောင်းရမ်း ခွဲခန့်၍ယူခြင်း, အမျိုးမျိုးသော လိမ်လည် နည်းတို့ဖြင့် လိမ်လည် ၍ယူခြင်း,အမျိုးမျိုးသောစဉ်းလဲ နည်းတို့ဖြင့် စဉ်းလဲ ၍ ယူခြင်း တစ်ပါး။

(၃)   ကာမေသုမိစ္ဆာစာရာ။  ။ယောကျာ်းတို့မှာ မလွန်ကျူးအပ်သော နှစ် ကျိတ်သော မိန်းမတို့၌ ကျူးလွန်ခြင်း၊ လင်ရှိသော မိန်းမတို့မှာ မိမိ လင်မှ တပါးသော ယောကျာင်္း များနှင့် ပေါင်းဖေါ်ခြင်း တစ်ပါး။

(၄)  မုသာဝါဒ။  ။မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း တစ်ပါး။
ဤ ၄-ပါးတို့ကို လောက၌ လူဆိုး,လူညစ် တို့ပြုကြသောအမှုမျိုးဖြစ်သည်။ လူဖြစ်သောသူသည်လူဆိုး ,လူညစ် မဖြစ်ရအောင် ဤတရား ၄-ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်။

ချမ်း​မြေ့ကြပါ​စေ

ဝင်းကျော်ဦး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ဂါဝရတရား ၁၀ ပါး

ငါးမည်ရပြည်ရွှေဘို