မရဏသံဝေဂ

ခန္ဓာကိုယ် ဘဝဇာတ်မှာဖြင့် အစပ်က ဧကန်။ မရဏဓာတ် သေကံကို သွေမလှန် နိုင်ခြင်း။ ရှိသမျှ သတ္တဝါ နတ်ဗြဟ္မာများ တစ်ခပင်း။
မလွတ်ရိုး ရွင်းအမှန် ကြွင်းမကျန် နှောင်သွင်း။
အတင်းကန် မငြင်းကြနဲ့ ပြောင်တလင်း စင်အောင်။ ဘုံလောကီ အခြေယွင်းစေဖို့ သေစာရင်း မိတ်ဆက်လို့လှောင်။ သဗ္ဗညု ထွဋ်ခေါင်သော် မလွတ်ပေါင် စရိုက်လမ်းမှာမို့ အမြိုက်နန်း ပြည်နိဗ္ဗူ လှမ်းကြွတော်မူ။
နာမ်ရုပ်နှင့် ဓာတ်အခြေတူလျှင် မသေသူ ရှိဘူးကွဲ့လေး။

လယ်တီဆရာတော်ဘုရားကြီး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး