သမာဓိ၏ ရန်သူကြီး ၄-ပါး
သမာဓိ၏ ရန်သူတို့ကား များစွာရှိကြ၏၊ သို့သော် ဤ၄-ပါးကားနီးစပ်၍ ထင်ရှားသည် ဟူ၏။
(၁) ထိန- ကုသိုလ်မှု၌ စိတ်ဓာတ်၏ လျော့ပါးခြင်း၊ စိတ်မ၀င်စားခြင်း၊ မခံ့ခြင်းသဘော။
(၂) မိဒ္ဓ- ငိုက်မျဉ်းခြင်း။
(၃) ဥဒ္ဓစ္စ- စိတ်၏ ကုသိုလ်ထဲမှ အာရုံတပါးသို့ရောက်ရောက်သွားခြင်း၊ ပျံ့လွင့်တုန်လှုပ်ခြင်းသဘော။
(၄) မိစ္ဆာဝိတက်- ကမ္မဋ္ဌာန်း အာရုံမှတပါးသို့ ကြာမြင့်စွာ ရောက်သွား ကြံစည်တွေးတောနေမှုများ။
ဝင်းကျော်ဦး
Comments
Post a Comment