မသေခင်မှာ ပြင်ဆင်ပါ

  မရဏသန္န သေခါနီး ကာလတွင် ဒါနကလည်း မပြောင်၊ သီလကလည်း အကြာင်၊ ဘာဝနာကလည်း အယောင်ဆောင်၊ ခပ်ချောင်ချောင် မှတ်တမဲ့။ တော်အောင်သာနေခဲ့၍ သေတော့မယ့်အခိုက် ဇော ငါးတန်အဆိုက် အရှိုက်သို့ ထိခါမှ၊ ယီးတီးယောင်တောင် နားယောင်ပက်ကား၊ မြွေမိဖားကဲ့သို့၊ သွားရမယ့် အရေးအခင်း တွေ့ ရမယ့် အရေးတွေနဲ့ ပက်ပင်းမှာ တွေ့ မိမှ၊ သတိကြီးရ၍ ဒါကို ပြန်၍ ရှုသော်လည်း ပြုဖူးသည့် ဒါနက ကာလနဲ့ ခပ်ရောရော၊ လောဘနဲ့ ခပ်ဖက်ဖက်၊ ထွေးယှက်လူးလဲ အစဉ်ကျဲ နည်းခဲ့၍ စိတ်ထဲမှာ မကြည်လာ၊ သီလကို ရှာပြန်သော် လောကဓံ ခုခေတ်က လူအဖြစ် ကျပ်လှ၍ တတ်သမျှ ဝစီကံ အနည်သာ ထိုင်နိုင်မှ တော်တန်ရုံ ရှိကြတယ်။ သမထ မနော ဝိပဿနာ ဇောများမှာတော့ ပက္ကောဋိ အသင်္ချာ တစ်သက်လုံး စင်ကွာ၍ ထင်စရာ ဝေးလေစွ။

လယ်တီဆရာတော်ဘုရားကြီး

Comments

Popular posts from this blog

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

ငါးမည်ရပြည်ရွှေဘို

ဂါဝရတရား ၁၀ ပါး